သတင်းများ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ (၂၁၃) ဦးထိရှိလာ
Jul 12,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကူးစက်ခံရသူ ယမန်နေ့အထိ အတည်ပြုလူနာ ကျား (၁၀၃)၊ မ (၁၁၀)ဦး၊ စုစုပေါင်း(၂၁၃)ဦးရှိပြီးဖြစ်ကြောင်း ဘားအံမြို့နယ် ကိုဗစ် - ၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှ သိရှိရသည်။
ငပုတောမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါအရှိန်အဟုန်မြှင့် ထိန်းချုပ်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Jul 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါရောဂါထိန်းချုပ်ကာကွယ် နိုင်ရေးနှင့် ရောဂါကူးစက်မှုများ ဆက်လက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေစခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ လိုက်နာရမည့် ထုတ်ပြန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသံချဲ့စက်ဖြင့် ကြေညာပေးလျက်ရှိ
Jul 12,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်၍ သိရှိလိုက်နာရမည့် ထုတ်ပြန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ လမ်းဆုံများတွင် ညစဉ် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် Quarantine Centre ဆောင်ရွက်မည့် နေရာများနှင့် Oxygen Plant တည်ဆောက်မည့် နေရာသို့သွားရောက်ကြည့်ရှုစစ်ဆေး
Jul 12,2021
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီးနှင့် လယ်ဝေးမြို့နယ် အားကစားကွင်းအတွင်း ယာယီ Quarantine Centre ဆောင်ရွက်မည့်နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ(၁၀)ဦး ထပ်မံတွေ့ရှိ
Jul 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ တိုက်နယ်ဆေးရုံတွင် ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ် က ကိုဗစ်-၁၉ သံယရှိသူ ၁၂ ဦးကို RDT ဖြင့် စစ်ဆေးရာ ၁၀ ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် လူစည်ကားရာနေရာများတွင် Covid-19ရောဂါကြိုတင်ကာကွယ်ရေး MASK CAMPAIGN ဆောင်ရွက်
Jul 12,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု  ကြိုတင်ကာကွယ် ထိန်းချုပ်ရေး၊ ပြည်သူများအပြင်သွားရာတွင် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေးအတွက် ရည်ရွယ်၍MASK CAMPAIGN ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများ တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။   
ပူတာအိုမြို့နယ်၊ ပမ္မတီးကျေးရွာအုပ်စု၊ နမ်ရှယ်-မလိခေါမ်ကျေးရွာကြားရှိ နမ်ရှယ် ချောင်းကူး ဘေလီသံဘောင် တံတားပြီးစီး၍ ဒေသအတွက်များစွာ အကျိုးပြု နေပြီဖြစ်
Jul 12,2021
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ပမ္မတီးကျေးရွာအုပ်စု၊ နမ်ရှယ်-မလိခေါမ် ကျေးရွာကြားရှိ နမ်ရှယ်ချောင်းကူး ဘေလီသံဘောင် တံတားအား ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ တံတားတည်ဆောက်မှု လုပ်ငန်းပြီးစီးနေပြီ ဖြစ်ပါသဖြင့် ဒေသအတွက် များစွာအကျိုးပြုနေပြီဖြစ်ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် Quarantine Centre ဆောင်ရွက်မည့် နေရာများနှင့် Oxygen Plant တည်ဆောက်မည့် နေရာသို့သွားရောက်ကြည့်ရှုစစ်ဆေး
Jul 12,2021
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီးနှင့် လယ်ဝေးမြို့နယ် အားကစားကွင်းအတွင်း ယာယီ Quarantine Centre ဆောင်ရွက်မည့်နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။