သတင်းများ

သီပေါမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့်စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းဆောင်ရွက်
Aug 18,2020
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက် သွားရောက် ငှားရမ်း ပေးခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီခွဲ အချိန်က ကွင်းဆင်းဆောင်ရွက် ခဲ့သည်။
မင်းတုန်းမြို့နယ်တွင် NEP စီမံကိန်းဖြင့်ကျေးရွာမီးလင်းရေး လုပ်ငန်းဆောင်ရွက်
Aug 18,2020
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် အမျိုးသားလျှပ်ဓာတ်အားရရှိရေး NEP Phase-1 စီမံကိန်း ဖြင့်ကျေးရွာ မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်လျှပ်စစ်မှူး ဦးထွန်းလွင်နှင့်ဝန်ထမ်းများက ဘူးတောင်းကျေးရွာ၌ 100KVA ထရန်စဖော်မာတပ်ဆင်ခြင်းလုပ်ငန်းများကို ယမန်နေ့ ညနေ ၂ နာရီတွင် ဆောင်ရွက်ခဲ့ကြသည်။
ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Aug 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ ကျေးသီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ Community Centreခန်းမ၌ ကျောင်းသားလူငယ်များနှင့်စာပေချစ်မြတ်နိုးသူလူငယ်များစုစည်း၍ စာဖတ် ဝိုင်းကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 18,2020
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲကပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟိုပင်၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်း ဆောင်ရွက်
Aug 18,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ Community Centre ခန်းမ၌ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ စာဖတ်သည့် အလေ့အထ ကောင်းများနှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၁ နာရီက ဟိုပင်မြို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဝင်များက စာရေးဆရာ ဖေမြင့်ရေးသားသည့် တန်ဖိုးထား အပ်သောအရာများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အစားအစာထုတ်လုပ်ခြင်းနှင့် လက်ကားနှင့်လက်လီရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ပြင်ဆင်ခြင်းကဏ္ဍများရှိ၊ ကလေးလုပ်သားစစ်တမ်းကောက်ယူနိုင်ရေး သင်တန်းဖွင့်လှစ်
Aug 18,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အစားအစာထုတ်လုပ်ခြင်းနှင့် လက်ကားနှင့်လက်လီရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ပြင်ဆင်ခြင်းကဏ္ဍများရှိ၊ ကလေးလုပ်သားစစ်တမ်းကောက်ယူနိုင်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီ က ကျင်းပသည်။
ဝေါ‌လေမြိုင်မြို့ရှိ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်း ဆောင်ရွက်ပြီးစီး
Aug 18,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ (တတိယအကြိမ်) ထောက်ပံ့သည့် ငွေကျပ်နှစ်သောင်းအား ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခြင်းကို ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မော်လမြိုင်(၁၀)မြို့နယ်ဆောင်ရှိ အသွားအလာကန့်သတ်ထားရှိသည့်နေရာများတွင် ဝင်ရောက်နေသူများအား ကျန်းမာရေး စစ်ဆေး
Aug 18,2020
မွန်ပြည်နယ် မော်လမြိုင်(၁၀)မြို့နယ်ဆောင်ရှိ အသွားအလာကန့်သတ်ထားရှိသည့်နေရာများတွင် ဝင်ရောက်နေသူများထဲမှ (၁၆၅)ဦးကို ကျန်းမာရေး စစ်ဆေးမှုများ ယမန်နေ့ နေ့လယ်က ပြုလုပ်ဆောင်ရွက်ရာ Community Based Facility Quarantine ကွပ်ကဲရေး တာဝန်ရှိသူများ ကျန်းမာရေး ဌာနဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဘိုဘိုဝင်း (Rescue) အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့သားများ ကူညီဆောင်ရွက်ကြောင်း သိရသည်။