ထန်တလန်မြို့တွင် လူငယ်ရေးရာမူဝါဒရှင်းလင်းပွဲနှင့် လူငယ်ဆိုင်ရာ အသိပညာပေးသင်တန်း ဖွင့်လှစ်
Aug 18,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းလာရေးအတွက် လူငယ်များက အခန်းကဏ္ဍတစ်ရပ်မှနေ၍ စည်းလုံးညီညွတ်စွာဖြင့် ဦးဆောင်ပူးပေါင်းကြိုးပမ်းဆောင်ရွက်လာနိုင် စေရန် ရည်ရွယ်၍ ချင်းပြည်နယ် လူမှုဝန်ထမ်းရုံးနှင့် ချင်းပြည်နယ် လူငယ်ရေးရာကော်မတီတို့က ဦးဆောင်၍ လူငယ်ရေးရာမူဝါဒ ရှင်းလင်းပွဲနှင့် လူငယ်ဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီက ထန်တလန်မြို့ အမှတ် (၂) ရပ်ကွက်ရှိ Thantlang Baptist Church Center (TBC) ၌ ကျင်းပသည်။