သတင်းများ

ဝက်လက်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် JICA ODA (Loan) ဂျပန်ချေးငွေဖြင့် ဆောင်ရွက်မည့် (AIiP) စီမံကိန်းကျေးလက်လမ်းနှင့် တိုင်းဒေသကြီး(ဖြည့်စွက်)ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း/တံတား လုပ်ငန်းများအား ချပြရှင်းလင်းခြင်း အခမ်းအနားကျင်းပ
Aug 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် JICA ODA(Loan) ဂျပန်ချေးငွေဖြင့် ဆောင်ရွက်မည့် (AIiP)စီမံကိန်းကျေးလက်လမ်းနှင့် တိုင်းဒေသကြီး (ဖြည့်စွက်) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း/တံတား လုပ်ငန်းများအား ချပြ ရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ပန်ဆိုင်း(ကြူကုတ်)မြို့တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Aug 17,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့တွင်းရှိ အသက်(၁၈)နှစ်ပြည့်သူများကို ယနေ့နံနက်(၁၀)နာရီ က ပန်ဆိုင်း(ကြူကုတ်)မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးသည်။
ဇီးကုန်းမြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲစာရင်းများ ပြည့်စုံ မှန်ကန်စေရေး မြို့နယ်၊ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းဆွေးနွေး
Aug 17,2020
၂၀၂၀-ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ် ရွေးကောက်ပွဲ
ချမ်းအေးသာစံမြို့နယ် သင်္ဂဇာချောင်းအတွင်းရှိ ဗေဒါဒိုက်များဆယ်ယူ
Aug 17,2020
ချမ်းအေးသာစံမြို့နယ်၊ ချမ်းသာရဘုရားအနီးရှိ သင်္ဂဇာချောင်းအတွင်းရှိ သဘာဝအလျောက်ပေါက်နေသော ဗေဒါဒိုက်များ ဆယ်ယူခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေဘိုခရိုင်တွင် ထောက်ပံကြေးငွေကျပ် ၃၀၀၀၀ တစ်ကြိမ်ရရှိရန် ငွေဗိုက် (Ngwe Bike) Application တွင် စာရင်းသွင်းပေး
Aug 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအတွက် ငွေကျပ် သုံးသောင်း တစ်ကြိမ် ထောက်ပံ့ပေးနိုင်ရေးအတွက် ရွှေဘိုမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်များ
အင်းစိန်မြို့နယ်၌ လူထုအခြေပြုဗဟိုဌာနတွင် မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိ
Aug 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခု ရရှိစေရန် ရည်ရွယ်၍ မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီအချိန် က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရ သည်။
မိုးနဲမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်
Aug 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် တတိယအကြိမ်ထောက်ပံ့သောငွေများကို သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုများသို့ ယနေ့နံနက် (၇:၀၀) နာရီအချိန် က စတင်၍ တာဝန်ရှိသူများက ကွင်းဆင်းသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် ပထမအကြိမ်အဖြစ် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေး (HPV)ကို အခမဲ့ထိုးနှံပေးနိုင်ရေးအတွက် ကြိုတင်စာရင်းပေးသွင်းနိုင်ရန်နှိုးဆော်
Aug 17,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ဒုတိယဖြစ်ပွားမှု အများဆုံးရောဂါဖြစ်သည့် သားအိမ် ခေါင်းကင်ဆာ ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် HPV ကာကွယ် ဆေးထိုးနှံခြင်းကို အခမဲ့ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။