ရေတာရှည်မြို့တွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Aug 28,2020
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၌ စည်ပင်သာယာစျေးနှင့် ရန်ကုန်-မန္တလေး ကားလမ်းဘေးတို့တွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်ရေး လှုပ်ရှားမှု(Mask Campaign)အဖြစ် ဆိုင်ကယ် ချစ်သူများအဖွဲ့မှ နှာခေါင်းစည်းခုရေ(၁၀၀၀) အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။