သတင်းများ

မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၇၀၇၇)ဦး တို့အား ထောက်ပံ့ကြေးငွေများ ထပ်မံပေးအပ်
Aug 18,2020
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် အတွင်းရှိ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာ ရေးပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု များအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေ ထပ်မံပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချု်ပရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ(၂)နာရီက ပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်မှနေရပ်ပြန်ပြည်သူ(၃၂)ဦးထပ်မံဝင်ရောက်
Aug 18,2020
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဩဂုတ်လ ၁၆ ရက်နေ့၊ ညနေ(၆)နာရီ အချိန်က(၁၈)ဦး နှင့် ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က(၁၄)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၃၂)ဦး ထပ်မံဝင် ရောက်လာခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်း (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်
Aug 18,2020
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း (ဒုတိယအကြိမ်) ငွေကျပ် ၂၀၀၀၀ နှုန်း ထောက်ပံ့သောငွေများပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ကြောင် းသိရသည်။
ဆီဆိုင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ဆရာ/ဆရာမ ဝန်ထမ်းအိမ်ရာ တည်ဆောက်
Aug 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်လျက်ရှိသော နောင်ကျောကျေးရွာအုပ်စု၊ တခေါ့ခွန်ကျေးရွာရှိ ဆရာ/ဆရာမ ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် သတ်မှတ်အရည်အသွေးပြည့်မီခြင်း ရှိ/မရှိကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Aug 18,2020
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ ယမန်နေ့ နံနက် ၁၀နာရီခွဲ အချိန်က ချောင်းဆုံမြို့နယ် တရားရုံး၊ ချောင်းဆုံမြို့မရဲစခန်း နှင့် လူစည်ကားရာ နေရာများတွင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မိသန်းသန်းမွန်နှင့်အဖွဲ့ဝင်များမှ ဥပဒေအထောက်အကူပေးရေးနှင့် သက်ဆိုင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၅၁၂၇)စုအား ဒုတိယအကြိမ် ငွေကျပ်(၁၀၂,၅၄၀,၀၀၀) ထောက်ပံ့ပေးအပ်
Aug 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများ၏ အိမ်ထောင်စုများအား ဒုတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မြင်းခြံမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား (ဒုတိယအကြိမ်) ထောက်ပံ့ငွေများ ပေးအပ်
Aug 18,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား (ဒုတိယအကြိမ်) တစ်အိမ်ထောင်စုလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။
မြင်းခြံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များကို ငွေကျပ်သုံးသောင်းစီ ထောက်ပံ့ပေးမည်
Aug 18,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအတွက် “ငွေဗိုက်” အက်ပလီကေးရှင်းကိုအသုံးပြုပြီး နိုင်ငံတော်မှ ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ကြေးပေးမည်ဖြစ်ကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။