သရက် ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဝင် များသည် မြို့မဈေးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော အသားငါးဈေးနှင့် ဗိုလ်ချုပ်အားကစားကွင်း အတွင်း ဖွင့်လှစ်ထားသော ယာယီပျံကျဈေးတို့တွင် ဈေးဆိုင်များ စနစ်တကျရောင်းချခြင်းရှိ/ မရှိနှင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိတို့အား အသိပညာပေးခြင်း၊ လှည့်လည်စစ်ဆေးခြင်းများ ယနေ့ နံနက် ၇ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးခြင်းနှင့် လှည့်လည်စစ်ဆေးခြင်းများဆောင်ရွက်ရာတွင် ဈေးဆိုင်များ သတ်မှတ် နေရာ တွင်သာ စနစ်တကျရောင်းချရေး၊ အသားငါးနှင့် ဟင်းသီးဟင်းရွက်ဆိုင်များ ပူးတွဲရောင်းချ ခြင်းမရှိစေရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးညွှန်ကြား ချက်များအား အလေးထားလိုက်နာ၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ပြန်ထားသည့်စည်းကမ်း ချက်များနှင့်အညီ ရောင်းချသွားကြရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
သရက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်သူပေါင်းမှာ ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင် ၁၁ ရက်နေ့အတွင်း (၂၀၅) ဦးအထိရှိလာသဖြင့် လူစုလူဝေးမဖြစ်ပေါ်စေရေး မြို့မဈေးကြီးအား ရက်သတ္တ တစ်ပတ်ပိတ်ထားသော်လည်း မြို့နယ်အတွင်း ပြည်သူများ အဆင်ပြေစေရန် ဗိုလ်ချုပ်အားကစားကွင်းရှိ ယာယီပျံကျဈေးနှင့် မြို့မဈေးရှိ အသားငါးဈေးတို့အား ပုံမှန်ဖွင့်လှစ်ထားမည်ဖြစ်၍ ဈေးရောင်းချသူများ အနေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှညွှန်ကြားထားသည့် စည်းကမ်းနှင့်အညီ ရောင်းချစေရန် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များက အရှိအဟုန်မြှင့်၍ လှည့်လည် အသိပညာပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)