ငဖဲ ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပင်ဦးကျေးရွာအခြေခံပညာအလယ်တန်းကျောင်း တွင် ကျောင်းဆောင်သစ်အဆောက်အဦရာနှုန်းပြည့်ဆောက်လုပ်ပြီးစီးပြီဖြစ်၍ မြို့နယ်တည်ဆောက်ရေး ကော်မတီ အဖွဲ့တို့မှ ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်ရေးကော်မတီအဖွဲ့များက ကျောင်းဆောင်သစ် တည်ဆောက်မှုအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းဆောင်သစ်ဆောက်လုပ်မှု မန်နေဂျင်း ဒါရိုက် တာ ဒေါ်စပယ်သိမ်း က ကျောင်းဆောက်လုပ်ပြီးစီးမှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ရာ သတ်မှတ်စံချိန် စံညွှန်းပြည့်မီရေးအတွက် လိုအပ်မှုများကို တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ပင်ဦးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း အဆောက်အဦသည် အလျား ပေ၉၀၊ အနံ ပေ ၃၀ အမြင့် ၁၅ ပေရှိ Streel Structure (၁)ထပ်အမျိုးအစားဖြစ်၍ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၄၉.၉၅ သန်းဖြင့် လပြည့်သိမ်းကုမ္မဏီက ၂၀၂၀ ပြည့်နှစ် ဇွန်လကစတင်၍ တာဝန်ယူဆောက်လုပ်ခဲ့ရာ ၂၀၂၁ခုနှစ် ဇူလိုင်လဆန်းတွင် လုပ်ငန်းအားလုံးရာနှုန်းပြည့် ပြီးစီးခဲ့ကြောင်းသိရသည်။
မယု(ငဖဲ)