ညောင်ဦးမြို့ ကုတင် ၂၀၀ဆံ့ပြည်သူ့ဆေးရုံကြီးမှ ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်နေသော လူနာနှစ်ဦးကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်း

ညောင်ဦး ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ကုတင် ၂၀၀ဆံ့ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာနှစ်ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ မွန်းလွဲ ၂နာရီခွဲအချိန်က ဆေးရုံဆင်း ခွင့်ပြုခဲ့ကြာင်း ညောင်ဦးခရိုင် ၊ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်ထွန်းထံက သိရသည်။
ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိ၍ တက်ရောက် ဆေးကုသမှုခံယူနေသော ညောင်ဦးမြို့ အမှတ်(၄)၊ဆုံကုန်းရပ်ကွက်မှ ဦးဇော်လင်းအောင်နှင့် ညောင်ဦးမြို့နယ် သဲပြင်တောကျေးရွာမှ ဦးကျော်ဝင်းထွဋ် တို့နှစ်ဦးအားကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆေးရုံဆင်းခွင့်ပြုရာ၌ ညောင်ဦးခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ညောင်ဦးခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်ထွန်းတို့က အား ပေးစကားပြောကြားပြီး ကြက်ဥ ၊Mask ဘူးနှင့်အချို ရည်ကတ်များ လက်ဆောင်ပေးအပ်သည်။
ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ နှစ်ဦးအား မိမိတို့ အိပ်ပြန်လည်ရောက်ရှိသည့်အခါ Home Quarantine ခုနှစ်ရက်နေထိုင် ရမည်ဖြစ်ကာ မိမိတို့အသုံးအဆောင်များ တပါးသူမသုံးစေပဲ သီးသန့်နေထိုင် သုံးစေရေး တို့အားဒေါက်တာ အောင်မြင့်ထွန်းက ဆက်လက်မှာကြားသည်။
ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ဆေးကုသမှုခံယူနေသူ ကျား(၁၃)ဦး၊ မ(၂၃)ဦးရှိနေသေးပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ၃ဦးဆေးဆုံး ကြောင်းသိရကာ စုစုပေါင်း ၂၈ ဦးရှိကြောင်း သိရသည်။
ကိုထိန်၊KPD