ရသေ့တောင် ဇူလိုင် ၁၂
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာပြည်သူများနှင့် စျေးရောင်း၊ စျေးဝယ်ပြည်သူများ အား အသိပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၈) နာရီက လူစည်ကားရာနေရာများတွင် ဖြန့်ဝေ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဖြန်ဝေဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည် ပင်သာယာရေး ကော်မတီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ရသေ့တောင်မြို့ပေါ်ရှိ လူစည်ကားရာနေရာများဖြစ်သည့် သင်္ဘောဆိပ်၊ မြို့မစျေး၊ လမ်းဆုံ လမ်းခွများတွင် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့သွားလာရာတွင် နှာခေါင်းစည်းများမဖြစ်မနေ စနစ်တကျတပ်ဆင်ကြရေး၊လူစုလူဝေးသွားလာခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြည်ကြရေး၊ စျေးရောင်း၊ စျေးဝယ်ပြည်သူများ အနေဖြင့်လည်း နှာခေါင်းစည်းတပ် ဆင်ပြီးမှ စျေးရောင်း၊ စျေးဝယ်ပြုလုပ်ကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးနှိုးဆော်ခဲ့ကြပြီး အိမ်တွင်းဖြစ်နှာခေါင်းစည်း အသုံးပြုပုံ လမ်းညွှန်ချက်အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အောင်စံထွန်း