နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉အတည်ပြုလူနာ ( ၁၄၁ )ဦးရှိပြီဖြစ်

နတ်မောက် ဇူလိုင် ၁၂

 

ကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာ ( ၁၄၁ ) ဦး ရှိပြီ ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဇူလိုင်လ (၁၁) ရက်နေ့နံနက်ပိုင်းက လာရောက် စစ်ဆေး သူ ( ၃၅ ) ဦးအနက် နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာမှ(၁)ဦး ၊ လဲဘူးကျေးရွာမှ (၃)ဦး၊ ကံသာ ကျေးရွာမှ (၂)ဦး ၊ ဈေးရပ်ကွက်မှ(၁)ဦး၊ ဇလုပ်ကြီးကျေးရွာမှ(၁)ဦး၊ ရန်အောင်မြင်ကျေးရွာမှ(၂)ဦး၊ အောင်ဆန်း ရပ်ကွက်မှ(၃)ဦး စုစုပေါင်း(၁၃)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး (Positive) တွေ့ရှိ ခဲ့ကြောင်းသိရသည်။

 

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ ယနေ့အထိ ( ၁၄၁ ) ဦးရှိပြီး၊ ဆေးရုံမှဆင်း ခွင့်ရရှိသူ( 24 )ဦးအား မိမိနေအိမ်၌ (Home Quarantine ) (၇) ရက်နေထိုင်ရမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက မှာကြားခဲ့ကြောင်းသိရသည်။ ကျန်ရှိ ကိုဗစ်-၁၉ အတည်ပြုလူနာ( 24 ) ဦး တို့အား မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ထားရှိပြီး၊ Covid Centre (2)တွင် ( 93 )ဦးထားရှိ ကြောင်းသည်။

 

သင်းသင်းဝေ ( နတ်မောက်)