သတင်းများ

လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ (၂)ဦးထပ်မံတွေ့ရှိပြီး(၄)ဦး ထပ်မံဆေးရုံဆင်းခွင့်ရ
Jul 13,2021
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ဇူလိုင်(၁၂)ရက် နေ့ ညနေပိုင်းစစ်ဆေးရာ တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ (၂)ဦးထပ်မံ တွေ့ရှိပြီး(၄)ဦး ဆေးရုံဆင်းခွင့်ရရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ကော်မတီမှ သိရသည်။
ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်
Jul 13,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိဘဲ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ကော့ကရိတ်မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် ပုလဲဖြူ လူမှုကယ်ဆယ်ရေး အသင်းတို့ ပူးပေါင်း၍ ကလိုရင်းဆေးရည် (ပိုးသတ်ဆေး) များကို ယမန်နေ့ ညနေ (၃) နာရီအချိန်က ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံဆေးဖျန်းခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၂)ဦး ထပ်မံတွေ့ရှိ
Jul 13,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ပန်လုံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ လျှပ်စစ် ဝန်ထမ်းအိမ်ရာတွင်နေထိုင်သူ အမျိုးသားတစ်ဦးသည် အနံ့ပျောက်ကြောင်းသိရှိ၍ ဟိုပန်မြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်ပြီး RDT Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ (Positive) တွေ့ရှိခဲ့သည်။
ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 13,2021
ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့် က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် အရေးပေါ်လူနာများအတွက် အောက်စီဂျင်အိုး များလှူဒါန်း
Jul 13,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ် ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသော မင်းလှလူမှုကယ်ဆယ်ရေးအသင်းက ကိုဗစ်-၁၉ ရောဂါ လက္ခဏာခံစား နေရသော အရေးပေါ်လူနာများ အသုံးပြုနိုင်ရန်အတွက် အောက်စီဂျင်အိုးများ အဆင် သင့် ရရှိရေးကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ လူနာသစ်(၁၀)ဦးထပ်မံတွေ့ရှိ
Jul 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူများနှင့် ဆက်စပ်သူ များ၊အနံ့မရခြင်း၊ ဖျားနာခြင်းဖြစ်သူများအား ဖျာပုံခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်အတွင်း သက်ဆိုင်ရာ ကျေးလက် ကျန်းမာရေးဌာနများတွင် လာရောက်ပြသသူတို့အား (RDT)ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ လူနာသစ်(၁၀)ဦး ထပ်မံ တွေ့ရှိခဲ့ပြီး အဆိုပါ ရောဂါပိုးတွေ့ရှိသူများနှင့် ထိစပ်သူများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုရှိ Home Base Facility Quarantine အဖြစ်အသွားအလာကန့်သတ် စောင့်ကြည့်ထားကြောင်းသိရသည်။
ပင်လုံမြို့တွင် အမျိုးသားတစ်ဦးနှင့် ဦးဇင်းတစ်ပါးထံ၌ ကိုဗစ်-၁၉ ရောဂါပိုးထပ်မံစစ်ဆေးတွေ့ရှိ
Jul 13,2021
ပင်လုံမြို့၊ ရပ်ကွက်(၄)တွင် နေထိုင်သူ အမျိုးသားတစ်ဦးသည် ယမန်နေ့မှ စတင်အနံ့မရသဖြင့် ယနေ့နံနက်ပိုင်းက ပင်လုံမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ တာဝန်ရှိသူများက အဆိုပါ အမျိုးသားတွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာများတွေ့ရှိရသဖြင့် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်းသိရသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ ဆဋ္ဌမအကြိမ် ချေးငွေထုတ်ပေး
Jul 13,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်အ​​ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အုတ်ဖို(မြောက်) မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ်မြောက် ထုတ်ချေးပေး မှုကို မြို့နယ်ဦးစီးမှူး ဒေါ်စုနွယ်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်များက ယမန်နေ့ မွန်းလွဲပိုင်းက ကျေးရွာကော်မတီဥက္ကဋ္ဌ နေအိမ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။