ကျွန်းလှမြိုနယ်၌မိုးစပါးသီးနှံ ဧက ၃၄၀၀၀‌ ကျော်လျာထားစိုက်ပျိုးမည်

ကျွန်းလှ ဇူလိုင် ၁၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ ယခုနှစ်မိုးစပါးသီးနှံ ဧက ၃၄၀၀၀ ကျော်လျားထား စိုက်ပျိုးမည်ဖြစ်ကြောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီ ကပြောကြားသည်။

 

“ဒေသခံတောင်သူများ၏ လယ်ယာမြေများမှာ မိုးကောင်းသောက်ဖြစ်သော်လည်း မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရန် အတွက်၊ ချောင်းပိတ်၊ မြောင်းပိတ်နှင့် မြေအောက်ရေတင်ပြီး ပျိုး‌ထောင်ခြင်း၊ မြေယာထွန် ယက်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

“မိုးစပါးသီးနှံအထွက်နှုန်းကောင်းမွန် ရန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများက မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုပစ္စည်းများ ဖြန့်ဖြူးထောက်ပံ့ခြင်း၊ ပိုးမွှားကျရောက်မှုကြိုတင်ကာ ကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မလိုအပ်ဘဲပိုးသတ်ဆေးမသုံးစွဲရေး၊ သဘဝမြေဩဇာသုံးစွဲရေး၊ GAP လက်မှတ် ရရှိရေး နှင့်စိုက်ပျိုးရေး ဆိုင်ရာနည်းစနစ်များကွင်းဆင်း အသိပညာပေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

ကျွန်းလှမြို့နယ်တွင်၂၀၂၁-၂၀၂၂ခုနှစ်၊မိုးစပါး (၃၄၈၉၅)ဧက၊ ပဲမျိုးစုံ(၁၄၄၅၈)ဧက၊ ကြံသီးနှံ (၂၅၃၉)ဧက၊ ဆီထွက်သီးနှံ(၅၈၂၄)ဧက၊ အခြားသီးနှံ(၁၅၃၅၉)ဧက၊ နှစ်ရှည်ပင် (၁၅၄၉)ဧက၊ စုစုပေါင်း (၇၄၆၂၄)ဧကလျာထား စိုက်ပျိုး မည်ဖြစ်ကြောင်းမြိုနယ်စိုက်ပျိုးရေးစီးဌာန မှသိရသည်။

 

မျိုးဝင်းညို ကျွန်းလှ