သတင်းများ

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန် ပြည်သူ(၆၁) ဦးအား နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့
Aug 01,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတား(၂)တွင် ထိုင်းနိုင်ငံ၌ အကြောင်း အမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသည့် မြန်မာနိုင်ငံသားနေရပ် ပြန်ပြည်သူ (၆၁)ဦးကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က တာချီလိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆို လက်ခံခဲ့ကြောင်း သိရသည်။
ဘားအံမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ကိုယ်ခံစွမ်းအား တိုးမြှင့်ပေးသည့် VITAMIN D3 ဆေးရည်များလာရောက်လှူဒါန်း
Aug 01,2021
ကရင်ပြည်နယ်၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်ခံစွမ်းအားတိုးမြှင့်ပေးသည့်  VITAMIN D3 ဆေးရည်များကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကရင်ပြည်နယ်  ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံသို့ လာရောက်လှူဒါန်းသည်။
မြဝတီမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို မြို့ပေါ် စုရပ် ၇ နေရာတွင် ထိုးနှံပေးသွားမည်
Aug 01,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ်ဆေးထိုးပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အတွက် မြဝတီမြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်ရှိ စုရပ် ၇ နေရာတွင် သြဂုတ်လ ၂ ရက်နေ့မှစတင် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့်ပတ်သက်၍ သတင်းမီဒီယာများအား ရှင်းလင်းပွဲကျင်းပ
Aug 01,2021
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှု၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ပတ်သက်၍ သတင်းမီဒီယာများအား ရှင်းလင်းပွဲကို ယမန်နေ့ညနေပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်အသက် ၆၅ နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Aug 01,2021
 ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂၆) ရပ်ကွက် ပုလဲရတနာ လမ်းရှိ မြို့နယ်ဆေးရုံတွင် ယမန်နေ့ မွန်းလွဲ ၂နာရီမှစတင်၍ အသက် ၆၅ နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက် ရှိကြောင်းသိရှိရသည်။
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက် နေကြသည့် အဖွဲ့အစည်း အသီးသီးမှ စေတနာ့ဝန်ထမ်းများအား စွမ်းရည်မြှင့်တင်ပေးရေးနှင့် ကူညီထောက်ပံ့မှုများ ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး
Aug 01,2021
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်ကူညီ ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းအသီးသီးမှ စေတနာ့ဝန်ထမ်း များအား စွမ်းဆောင် ရည်မြှင့်တင်ပေး နိုင်ရေးနှင့် ကူညီထောက်ပံ့မှုများ ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သံတွဲမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်များရှိလမ်းများနှင့် ကျေးရွာအချို့ ဒုတိယအကြီမ်ရေစတင်နစ်မြုပ်လျက်ရှိ
Aug 01,2021
သံတွဲမြို့နယ်တွင် ဇူလိုင်လ ၃၁ ရက်နေ့နံနက်ပိုင်းမှစ၍ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းခဲ့ သဖြင့် ယနေ့ နံနက် ၁၁နာရီခန့်မှစ၍ သံတွဲချောင်းရေများ ကျဆင်းမြင့်တက်လာမှုကြောင့် သံတွဲမြို့ ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့တို့တွင် ဒုတိယအကြိမ် ရေစတင် နစ်မြုပ် လျက်ရှိကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့တွင် အသက် ၆၅ နှစ်နှင့် အထက်အဘိုးအဖွား ၆၃၁ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး
Aug 01,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ဇူလိုင်လ ၃၁ ရက်နေ့အထိ အသက် ၆၅ နှစ်နှင့်အထက်အဘိုး အဖွား ၆၃၁ ဦး ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပြီးကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှသိရသည်။