စစ်တွေ ဩဂုတ် ၁
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှု၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ပတ်သက်၍ သတင်းမီဒီယာများအား ရှင်းလင်းပွဲကို ယမန်နေ့ညနေပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှင်းလင်းပွဲသို့ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းပြန်ကြားရေးတာဝန်ခံ၊ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း၊ ရခိုင်ပြည်နယ် ဥပဒေအရာရှိ ဦးဝင်းမောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ကိုဝင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါက်တာ စိုးဝင်းပိုင်၊ ဒုတိယပြည်နယ် မီးသတ်ဦးစီးမှူးနှင့် စစ်တွေမြို့အခြေစိုက် သတင်းမီဒီယာများမှ သတင်းမီဒီယာသမားများ တက်ရောက်ကြသည်။
ဦးစွာရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းပြန်ကြားရေးတာဝန်ခံ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက သံတွဲမြို့နယ်နှင့် မောင်တောခရိုင်တို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့ကာ ရေဘေးသင့်ခဲ့သည့် ပြည်သူများအားကူညီဆောင်ရွက်ပေးခဲ့မှု၊ သံတွဲမြို့နယ်သို့ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ သွားရောက်ပြီး ကူညီထောက်ပံ့ပေးခဲ့မှု၊ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံနေမှုနှင့် ဆက်လက်ထိုးနှံပေးမည့် အခြေအနေများနှင့် ပြည်နယ်အတွင်းဆေးရုံများတွင် အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေးအတွက် ဆောင်ရွက်ပေးနေမှု စသည်တို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပတ်သက်ပြီး သတင်းမီဒီယာများက ရခိုင်ပြည်နယ် အတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိမှုအခြေအနေ၊ ပြည်နယ်စီမံအုပ်ချုပ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေ၊ တိုက်ပွဲရှောင်စခန်းများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ပေး မှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များအား လိုက်နာမှုမရှိသူများကို အရေးယူ ဆောင်ရွက်နေမှုအခြေစသည်တို့ကို မေးမြန်းကြသည်။
မေးမြန်းချက်များအပေါ် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းပြန်ကြားရေးတာဝန်ခံ၊ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေး မှူး ဒေါက်တာ စိုးဝင်းပိုင်တို့က ပြန်လည်ဖြေကြားခဲ့ကြကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)