မြဝတီ ဩဂုတ် ၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ်ဆေးထိုးပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အတွက် မြဝတီမြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်ရှိ စုရပ် ၇ နေရာတွင် သြဂုတ်လ ၂ ရက်နေ့မှစတင် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ အောင်မြင်စွာ ပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ကာကွယ်ဆေးထိုးနှံပေးမည်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အနေဖြင့် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ကာကွယ်ဆေး လာရောက်ထိုးနှံသည့်ပြည်သူများ အဆင်ပြေစေ ရေးအတွက် နေရာထိုင်ခင်းကိုလည်း ကောင်းမွန်စွာဆောင်ရွက်ပေးစေလိုပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေး စေလိုပါကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရာတွင် လိုက်နာရန် ချမှတ်ထားသည့် လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်နိုင်စေရေး ပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။
ကာကွယ်ဆေးများကို နိုင်ငံတော်မှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးသွားမည်ဖြစ်ကာ မြဝတီမြို့နယ်အတွင်း(၂-၈-၂၀၂၁) ရက်နေ့မှ (၄-၈-၂၀၂၁)ရက်နေ့အထိ နံနက် ( ၉ )နာရီမှ နေ့လည် (၁၂ ) နာရီအထိအမှတ်(၁) ရပ်ကွက်ရှိ ရပ်ကွက်ဓမ္မရုံ၊ အမှတ်(၂)ရပ်ကွက်ရှိ တေဇစက္ကီဘုန်းကြီကျောင်း၊ အမှတ်(၃)ရပ်ကွက်ရှိအထက(ခွဲ)၃ကျောင်း၊ အမှတ် (၄) ရပ်ကွက်ရှိ အ ထ က(၁)ကျောင်းနှင့် တောရ ဘုန်းကြီးကျောင်း၊ အမှတ် ( ၅ ) ရပ်ကွက်ရှိ အထက(၃)ကျောင်းနှင့် အထက( ရေပူ )ကျောင်းတို့တွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်