သတင်းများ

နတ်တလင်းမြို့နယ်တွင်ပရဟိတအဖွဲ့များ၊Volunterများနှင့်တွေ့ဆုံပြီးPPEဝတ်စုံများ ထောက်ပံပြီးအောက်ဆီဂျင်စက်ရုံတည်ဆောက်မှု၊WeLoveNattalin အပန်းဖြေပန်းခြံဆောက်လုပ်မှုနှင့်အဘိုးအဘွားများအားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ သွားရောက်ကြည့်ရှူစစ်ဆေး
Aug 01,2021
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအေးလူနှင့်ခရိုင်စီမံအုပ် ချပ်ရေးအဖွဲ့တို့သည်ယမန်နေ့နံနက် ၉နာရီအချိန်ကနတ်တလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင်ပရဟိတအဖွဲ့များ၊Volunterများနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။
မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရမည့်သူ (၂၀၁၆)ဦးအား စတင်ထိုးနှံပေး
Aug 01,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌  တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးရမည့်သူ(၂၀၁၆)ဦးအား ဩဂုတ်လ(၃)ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ရာ ယနေ့နံနက် (၉)နာရီခွဲက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ မြို့နယ်ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။
မံစီမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Aug 01,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြည်သူ့ဆေးရုံ၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ယမန်နေ့ နံနက် ၁၀ နာရီက စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။
တနင်္သာရီမြို့တွင် အသက်(၆၅)နစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Aug 01,2021
တနင်္သာရီတိုင်းဒေသကြီး၊  တနင်္သာရီမြို့နယ်  ဇီဝိတသံဃာ့ဆေးရုံအတွင်း   ယမန်နေ့နံနက် ၁၀နာရီအချိန်မှစ၍ အသက်(၆၅)နှစ်အထက်  သက်ကြီးရွယ်အိုများအား Sinopharmကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးကို စတင်ထိုးနှံပေးလျက်ရှိကြောင်း   သိရသည်။
ပြင်စလူမြို့တွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရေး လုပ်ငန်းညှိနှိုင်းဆောင်ရွက်
Aug 01,2021
ဧရာဝတီတိုင်းဒသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများကို  ကိုဗစ်-၁၉  ကာကွယ်ဆေး ထိုးနှံပေးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို    ယမန်နေ့ နေ့လည်  (၁)နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့ ရေဘေးသင့်ပြည်သူများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဆန်အိတ်(၁၀၀)ထောက်ပံ့ လှူဒါန်း
Aug 01,2021
မော်လမြိုင်ခရိုင်၊  ကျိုက်မရောမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက်  အခြေခံ စားသောက်ကုန်ဖြစ်သည့်   ဆန် ၆ ပြည်အိတ် (၁၀၀)အား   ထောက်ပံပေးအပ်ခြင်းကို    ယမန်နေ့ နေ့လယ်က  မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီရုံး  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရုံးအစည်းအဝေးခန်းမ၌ပြုလုပ်သည်။
ကျောက်ဆည်မြို့နယ်တွင် အသက်(၆၅)နှစ်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 01,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၆၅)နှစ်အထက် အဘိုးအဘွားများအား ယမန်နေ့နံနက် ၉ နာရီခွဲက ကျောက်ဆည်မြို့ စုကြီးရပ်ကွက်မြို့တော်ခန်းမနှင့် ညောင်ခြောက်ပင် ရပ်ကွက်ရွှေဖောင်ဒေးရှင်းခန်းမတွင် စုရပ်အဖြစ်သတ်မှတ်၍ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။