သတင်းများ

တံတားမြို့တွင် ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုး 
Aug 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ တံတားမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့ပေါ်ရပ်ကွက်နေ ဒေသခံပြည်သူ(၅၀)ဦးကို ပထမကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။ 
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုး၊ ဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ
Aug 02,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုး၊ ဘွားများအား ယနေ့နေ့လယ် (၁၀) နာရီတွင် ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံခဲ့သည်။
ရေစကြိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံ
Aug 02,2021
 မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ်နှင့်အထက်ပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များအား ကာကွယ်ဆေးဆက်လက်ထိုးနှံခြင်းကို ဩဂုတ်လ ၁ ရက်၊ ညနေ ၄နာရီအချိန်က မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေး သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် အသက်(၆၅)နှစ်အထက်သက်ကြီး ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Aug 02,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဒေသန္တကျန်းမာရေးဌာန တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အသက်(၆၅)နှစ်အထက်သက်ကြီး ဘိုးဘွား(၁၆၇)ဦး အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီမှ ညနေ(၄)နာရီအချိန်ထိ ဒေသန္တရကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Aug 02,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ရပ်ကွက် /ကျေးရွာများရှိ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ၊ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ် ဝန်ထမ်းများနှင့် ပရိဟတများကို ယမန်နေ့ နံနက် ၉နာရီအချိန်က ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်​​လေးနေရာ၌ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
တောင်ကြီးမြို့တွင်အသက် ၆၅ နှစ်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်း
Aug 02,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် အသက် ၆၅ နှစ်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန် က တောင်ကြီးမြို့ မြို့တော်ခန်းမ ၌ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ယဉ်ကျေးမှုတက္ကသိုလ်တွင်ကိုဗစ်-၁၉ ​ရောဂါကုသရေး စင်တာဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 02,2021
ရန်ကုန်တိုင်းဒေသကြီး ဒဂုံ​မြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ် ၂၆ ရပ်ကွက်ရှိ ယဉ်ကျေးမှု တက္ကသိုလ်တွင် ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာဖွင့််လှစ်နိုင်ရေးပြင်ဆင်ထားမှုများအား ယမန်နေ့ မွန်းလွဲ ၁နာရီခွဲအချိန်က ရန်ကုန်တိုင်း စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးလှစိုးနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေတို့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်
Aug 02,2021
အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မကျန်ရှိစေရန် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့များမှ စနစ်တကျ စာရင်းပြုစုပြီး ယမန်နေ နေ့လယ် ၁ နာရီကစ၍ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းခန်းမတွင် ကာကွယ်ဆေးစတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။