ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံ
Aug 02,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကိုလျှော့ချရန်၊ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်း (Volunteer) အဖွဲ့များအား လူမျိုးမရွေးဘာသာမရွေး ယမန်နေ့ နေ့လည်ပိုင်းမှစ၍ အခြေခံပညာ အထက်တန်းကျောင်း (အထက-ခနောင်တို) ခန်းမတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။