တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရေဘေးသင့်သူ(၅၁၇)ဦးအတွက် စားရိက္ခာများ ထောက်ပံ့ပေးအပ်
Aug 01,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက် သဘာဝဘိုးဘွားရိပ်သာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဇူလိုင်လ (၂၇ ရက်နေ့မှ ၃၁ ရက်နေ့)အထိ တနင်္သာရီမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ရေကြီးနစ်မြုပ်မှု သဘာဝဘေးဖြစ်စဉ်ကြောင့် ကယ်ဆယ်ရေးစခန်း(၉)ခုနှင့် ကျေးရွာ(၄)ရွာတွင် နီးစပ်ရာဆွေမျိုးများနေအိမ်သို့ ယာယီ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ရေဘေးသင့်အိမ်ထောင်စု(၁၀၂)စုမှလူဦးရေ အမျိုးသား(၂၅၃)ဦး၊ အမျိုးသမီး (၂၆၄)ဦး စုစုပေါင်း(၅၁၇)ဦးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကယ်ဆယ်ရေး ပစ္စည်း၊ စားရိက္ခာများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင်လ ၃၁ ရက် မွန်းလွဲ ၂ နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ရေဘေးသင့်ပြည်သူများ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။