ထန်းတပင်၌ ပြည်သူတစ်သောင်းနှစ်ထောင်ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်
Aug 01,2021
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသည့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို သြဂုတ်လ(၁)ရက်နေ့မှစတင်၍ သြဂုတ်လ(၁၀) ရက်နေ့အထိ ဆယ်ရက်တာကာလအတွင်း စုရပ်ခြောက်နေရာတို့တွင် ကာကွယ်ဆေးထိုးနှံ ပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံမည့် လူဦးရေအနေဖြင့် တစ်သောင်းနှစ်ထောင်ဦး ကိုကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်းလည်း ထန်းတပင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။