ဒဂုံတောင် ဩဂုတ် ၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂၆) ရပ်ကွက် ပုလဲရတနာ လမ်းရှိ မြို့နယ်ဆေးရုံတွင် ယမန်နေ့ မွန်းလွဲ ၂နာရီမှစတင်၍ အသက် ၆၅ နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက် ရှိကြောင်းသိရှိရသည်။
ကာကွယ်ဆေး ထိုးနှံသည့်နေရာသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် ရန်ကုန်တိုင်း စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးတို့မှ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရှိရသည်။ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဘိုး ဘွားများအား သွားလာမှုအဆင်ပြေစေရေး စောင့်ရှောက်ပေးခြင်း ကိုယ်အပူချိန်တိုင်းခြင်း သွေးပေါင်ချိန်တိုင်းခြင်း သတ်မှတ်အကွာအဝေးနေထိုင်ခြင်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် နောက်ထပ် ဆေးထိုးရန် ကျန်ရှိနေသောမိဘပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံမည့်နေ့ရက် အချိန် နေရာ တို့ကို ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)