သတင်းများ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင် ထိုးနှံပေးမည်ဖြစ်
Aug 01,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား ယနေ့နေ့လယ်(၁:၀၀)နာရီတွင်စတင်၍ကိုဗစ်စ်-၁၉ကာကွယ်ဆေး ထိုးနှံ ပေးမည်ဖြစ် ပါသည်။
ဒေါ့ဖုန်းယန်မြို့၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး  Sinopharm  (Vero Cell) ထိုးနှံခြင်း ဆောင်ရွက်
Aug 01,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမ၌ ကိုဗစ်−၁၉ရောဂါကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအား ယမန်နေ့နံနက် ၁၁ နာရီ ၄၀ မိနစ်က စတင်၍ ကာကွယ်ဆေး Sinopharm (Vero Cell) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်တွင် အောင်ဆီဂျင်စက်တည်ဆောက်နိုင်ရေးအတွက် မြို့နယ် ပညာရေး ဝန်ထမ်းမိသားစုမှ အလှူငွေများ ပေးအပ်လှူဒါန်း
Aug 01,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို၌ ပိုးတွေ့လူနာများအား ကုသနိုင်ရန်အတွက် ဝေါမြို့နယ်(COVID-19) ထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူရှင်များမှ အောင်ဆီဂျင်စက် တည်ဆောက်နိုင်ရေးအတွက် မြို့နယ်ပညာရေးမိသားစုမှ အလှူငွေများ ပေးအပ် လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
လယ်ဝေးမြို့ အ.ထ.က(၁)တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနိုင်ရေးပြင်ဆင်ထားရှိမှုအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးလာရောက်ကြည့်ရှုစစ်ဆေး
Aug 01,2021
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးပြင်ဆင်ထားရှိမှုအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
မိုင်းယောင်းမြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) စတင်ထိုးနှံပေး
Aug 01,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဦးစားပေးအလိုက် အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းအချိန်ခန့်မှစ၍ မြို့နယ်ပြည်သူ့ဆေးရုံ၌ အခြေပြုပြီး ကာကွယ်ဆေးများကို စတင်ထိုးနှံပေးနေကြောင်း သိရသည်။
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှုများအား ကြည့်ရှုအားပေး
Aug 01,2021
ကရင်ပြည်နယ် ဘားအံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို သတ်မှတ်စုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်စီံမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကာကွယ်ဆေးထိုးနှံပေးနေမှုများအား သွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၉)ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများအနက် (၆)ဦးဆေးရုံဆင်းခွင့်ရ
Aug 01,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌    ပိုးတွေ့ရှိခဲ့သည့်   လူနာများနှင့်  ထိတွေ့ခဲ့သူများ၊ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှူကြပ်ပြီး မောင်တောပြည်သူ့ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား  ဇူလိုင် ၃၁ ရက်နေ့တွင် Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ  စစ်ဆေးသူများ အနက် မှ (၉) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။   
ကျောက်တော်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) စတင်ထိုးနှံပေးလျက်ရှိ
Aug 01,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများအား လတ်တလောအသက်ရှုလမ်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) စတင်ထိုးနှံပေးခြင်းကို မြို့သစ်ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံကြီးနားနေဆောင်တွင် ယမန်နေ့ ‌ညနေ ‌၅ နာရီ အချိန်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။