သတင်းများ

ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၁၂၀၀ အား ဦးစားပေးအစီအစဉ်အတိုင်း ထိုးနှံပေး သွားမည်
Aug 01,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေး အလုံးရေ (၁၂၀၀)ရရှိပြီး အဆိုပါကာကွယ်ဆေးအား ဩဂုတ်လ (၁)ရက်နေ့မှ စတင်၍ ဦးစားပေး အစီအစဉ်အတိုင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။
မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ၊ အောက်ဆီဂျင်နှင့် ကာကွယ်ရေးသုံး ပစ္စည်းများ လှူဒါန်း
Aug 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က စတင်၍  မြို့နယ် ကမ္ဘောဇခန်းမတွင် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း တို့ကို ဆောင်ရွက်ပေးပြီး  ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။
တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရန် ကျန်ရှိသော အသက်(၆၅)နှစ်နှင့် အထက်ရှိပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးမည်
Aug 01,2021
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိ နေသော အသက်(၆၅)နှစ်နှင့််အထက်ရှိပြည်သူများအားမနက်ဖြန်ဩဂုတ်(၁)ရက်နေ့မှ စ၍နေ့စဉ်နံနက်(၈)နာရီ၃၀ အချိန်မှနေ့လယ်(၁၂)နာရီအချိန်ထိ၎င်း (၁)နာရီအချိန်မှညနေ (၄)နာရီအထိသတ်မှတ်စုရပ်နေရာများ၌ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ပုလောမြို့နယ်၌ အသက်(၆၅) နှစ်နှင့်အထက် ဘိုးဘွားများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Aug 01,2021
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အသက်(၆၅)နှစ် အထက် ဘိုးဘွားများကို တရုတ်နိုင်ငံထုတ် SinoPharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် (၉)နာရီက ပုလောမြို့နယ် ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် အောက်ဆီဂျင်အိုး(၄၃၆၀)လုံးနှင့်အခြားကျန်းမာရေး အ‌ထောက်အကူ ပစ္စည်းများ ထပ်မံဝင်ရောက်
Aug 01,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံ၊ နမ့်ဖာဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ကိုဗစ်-၁၉ကူးစက်မြန်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှဝယ်ယူတင်သွင်းသည့် ကျန်းမာရေး အထောက်အကူပစ္စည်းများ ဝင်ရောက်လျက်ရှိရာ ယနေ့နံနက်(၁၀) နာရီအချိန်က အောက်ဆီဂျင်(၄၀)လီတာ ဆန့်အိုးအလွတ်(၂၂၂၀)လုံး၊ အောက်ဆီဂျင်(၂၀)လီတာ ဆန့်အိုးအလွတ်(၁၀၁၀)လုံး၊ အောက် ဆီဂျင်(၁၅)လီတာ ဆန့်အိုးအလွတ်(၂၅၀)လုံး၊ အောက်ဆီဂျင်(၁၀)လီတာဆန့် အိုးအလွတ်(၈၈၀)လုံး၊ နှာခေါင်းစည်း (Mask)(၅၆၄၆) ဖာ၊ အိမ်သုံးအောက်ဆီဂျင်စက်(Oxygen Concentrator)(၇၁၅)လုံး၊ ppe ဝတ်စုံ(၂၅၅၅)ဖာ၊ အောက်ဆီဂျင်(Mask)(၂၀)ဖာ၊(Oxygen ReguLator)(၁၂၂)ဖာ၊ Oximeter(၁)ဖာလျှင် (၁၀၀)ခုပါ(၁၅၀)ဖာ၊ အောက်ဆီဂျင်အိုးခေါင်း(၁)အိတ်၊ တွန်းလှည်း(၂၀)အိတ်၊ Air con(၂) စုံ၊ ဆက်စပ်ပစ္စည်း(၆)ဖာ တို့အား တင်ဆောင်လာသည့်မော်တော်ယာဉ်များ ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ
Aug 01,2021
တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ယမန်နေ့ နေ့လည်(၁)နာရီ အချိန်မှစတင်၍ မြို့နယ်အတွင်းရှိတောင်သာ (အထက)နဝရတ်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။
တာမွေမြို့နယ်တွင် အောက်ဆီဂျင်ဓာတ်ငွေ့များ အခမဲ့ဖြန့်ဝေပေးလျက်ရှိ
Aug 01,2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ပြည်သူများ အောက်ဆီဂျင်ဓာတ်ငွေ့ လုံလောက်စွာ မရရှိမှုကြောင့် အသက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်း အောက်ဆီဂျင် ဖြန့်ဖြူးပေးနိုင်ရေး ဦးစီးကော်မတီ၏ ဦးဆောင်မှုဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေး အသင်းဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၀)တွင် (၄၀)လီတာဆံ့ အောက်ဆီဂျင်အိုးများနှင့် (၂၀)လီတာဆံ့ အောက်ဆီဂျင်အိုးများ ကို အောက်ဆီဂျင် အမှန်တကယ် လိုအပ်နေသည့် ပြည်သူများထံ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဘားအံမြို့တွင် အသက် (၆၀)ကျော် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Aug 01,2021
“ အခုလို ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းတွေမြင့်တက်နေချိန်မှာ အသက်အရွယ်ကြီးရင့်တဲ့ အမေတို့ကို ကာကွယ်ဆေးထိုးနှံပေးတဲ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အရမ်းဘဲကျေးဇူးတင်တယ် ” ဟု ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသည့် အမှတ်(၂)ရပ်ကွက်မှ အသက် ၆၆ နှစ်အရွယ်ရှိ အမေဒေါ်ဆန်းတင့် က ပြောသည်။