သံတွဲ ဩဂုတ် ၁
သံတွဲမြို့နယ်တွင် ဇူလိုင်လ ၃၁ ရက်နေ့နံနက်ပိုင်းမှစ၍ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းခဲ့ သဖြင့် ယနေ့ နံနက် ၁၁နာရီခန့်မှစ၍ သံတွဲချောင်းရေများ ကျဆင်းမြင့်တက်လာမှုကြောင့် သံတွဲမြို့ ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့တို့တွင် ဒုတိယအကြိမ် ရေစတင် နစ်မြုပ် လျက်ရှိကြောင်း သိရသည်။
မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် အမှတ်(၁)ရပ်ကွက်ရှိ ဩဘာလမ်း ၊ အမှတ်(၂)ရပ် ကွက်ရှိ မာဃလမ်း ၊ သုတိလမ်း နှင့်အမှတ်(၆)ဗောဓိကုန်းရပ်ကွက်ရှိလမ်းများ လျက်ရှိပြီးအမှတ်(၄)ရပ်ကွက် ညောင်ပင်ဈေး ၊ ဓားသွေးကျောက်ကျေးရွာအုပ်စုတို့တွင် ရေတစ်ပေခွဲခန့်နစင်မြုပ်လျက်ရှိပြီး အခြားအနိမ့်ပိုင်းနေရာဒေသ များတွင်လည်း ရေများစတင်တက်လျက်ရှိ ကြောင်းသိရသည်။
သံတွဲမြို့နယ်၏မိုးရွာသွန်းမှုမှာ ဇူလိုင်လ(၃၁)ရက်နေ့နံနက်(၉)နာရီမှ ဩဂုတ်- ၁ ရက်နေ့နံနက် ၉နာရီ အချိန်ထိ အချိန်တိုင်းထွာချက်အရ မိုးရေချိန်လက်မ(၆.၀၆)ရှိကြောင်းနှင့် သံတွဲချောင်း၏စိုးရိမ်ရေအမှတ်မှာ ဩဂုတ်လ-၁ရက်နေ့နေ့လည် ၁: ၃၀ နာရီ အချိန်တိုင်ထွာချက်အရ (၆၈၃)စင်တီမီတာရှိသဖြင့် စိုးရိမ်ရေအမှတ်ထက် (၃၃)စီတင်မီတာ ကျော်လွန် လျက်ရှိကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရသည် ။ အဆိုပါ ရေစတင်နစ်မြုပ်လျက် ရှိသောနေရာဒေသမှ ပြည်သူများအား သံတွဲခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့မှ ဦးဆောင်လျက် ရေလွတ်ရာ ကယ်ဆယ်ရေးစခန်းများသို့ ကြိုတင်ပြောင်းရွှေ့ လျက်ရှိပြီး ကယ်ဆယ်ရေးလှေများလည်း စီစဉ်ထားရှိကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်