ပန်းတနော်မြို့၌ ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုးနှံ​ပေး​နေမှုများနှင့် အောက်စီဂျင်စက်ရုံ တည်​ဆောက်​နေမှုတို့အား သွားရောက်ကြည့်ရှု

ပန်းတနော် သြဂုတ်လ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၉ နာရီက ပန်းတနော်မြို့၌ ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုးနှံ​ပေး​နေမှုများနှင့် အောက်စီဂျင်စက်ရုံ တည်​ဆောက်​နေမှုတို့အား သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များသည်  ဝန်ထမ်းမိသားစုများအား သတ်မှတ်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ပန်းတနော ်မြို့နယ်အတွင်းရှိ ပြည်သူများ အောက်စီဂျင်လုံလောက်စွာ ရရှိစေရေး စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် အောက်စီဂျင်စက်ရုံ တည်ဆောက်နေမှု တို့အားသွားရောက် ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)