တနင်္သာရီမြို့နယ် ကူတိုက်နယ်ဆေးရုံ၌ ကိုဗစ်-၁၉လူနာ(၇)ဦးဆေးရုံမှဆင်းခွင့်ရ

တနင်္သာရီ  သြဂုတ်လ ၁၅

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံ -ဇီဝိတဒါနသံဃဆေးရုံ သီးသန့်လူနာ ကုသဆောင်နှင့်ဆေးရုံဝန်ထမ်းအိမ်ရာ Positive Centre စောင့်ကြည့်နေရာအတွင်း ကျန်းမာရေးစောင့်ကြပ်ပေး၍ ဆေးဝါးကုသမှုခံယူနေကြသည့် ကိုဗစ်ရောဂါ ပိုးတွေ့လူနာ(၇၁)ဦးရှိသည့်အနက်ကျန်းမာရေးပြန်လည်ကောင်းမွန်ပြီးသတ်မှတ်ရက်ပြည့်ပြီဖြစ်သောလူနာ(၇)ဦးတို့အား ယမန်နေ့မွန်းလွှဲ ၃ နာရီအချိန်က တာဝန်ခံဆရာဝန်ဒေါက်တာဖြိုးမြင့်ကြည်က ဆေးရုံဆင်းခွင့်လက်မှတ်များကိုထုတ်ပေး၍ ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

ယင်းသို့ ဆေးရုံမှဆင်းခွင့်ပြုသည့် လူနာများအနေဖြင့် ဆေးရုံမှဆင်းသည့်နေ့မှ (၇)ရက်တိတိ မိမိတို့၏နေအိမ်တွင် Home Quarantineအဖြစ် ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှုနှင့်အညီ တိတိကျကျလိုက်နာပြီး သီးခြားနေထိုင်ကြပါရန် တာဝန်ခံဆရာဝန်က အသိပေး/သတိပေးမှာကြားကြောင်း သိရှိရသည်။

ထို့အတူ တကူတိုက်နယ်ဆေးရုံဖျားနာဆေးခန်းသို့ ယမန်နေ့ကလာရောက်ပြသသည့်လူနာ(၂၄)ဦးအား တာဝန်ခံဆရာဝန်၏ ကြီးကြပ်မှုဖြင့်ဓာတ်ခွဲကျွမ်းကျင်(၄ )ဒေါ်ဆုလဲ့မွန်က ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Covid-19 Antigen test kit ဖြင့်စစ်ဆေးပေးရာ သာရဘွင်ရွာမှ ကျား(၃)ဦး

၊မ(၃)ဦး၊ တကူသံတိုက်ရွာမှ ကျား(၃)ဦး၊မ(၃)ဦး၊ တကူပြည်အေးရွာမှကျား(၁)ဦး၊ မ(၂)ဦး...ပေါင်း(၁၅)ဦးတို့တွင် ရောဂါပိုးထပ်မံတွေ့ရှိရသဖြင့် အလက(ခွဲ)-သံတိုက်ရွာ Positive Centre အတွင်းကျန်းမာရေးဝန်ကြီးဌာန၏ကိုဗစ်-၁၉ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ (၁၄)ရက် အကြာ ကျန်းမာရေးစောင့်ကြပ်၍ ဆေးဝါးကုသပေးနေကြောင်း သိရသည်။

အလားတူ ရောဂါပိုးအတည်ပြုတွေ့ရှိသည့်လူနာ(၁၅)ဦးတို့၏ မိသားစုဝင်များကိုလည်း ကျေးရွာများရှိ ၎င်းတို့၏နေအိမ်များကို Lock Down ချ၍ အသွားအလာကန့်သတ်ပြီး Home Quarantine အဖြစ် (၁၄)ရက်အကြာ ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။သို့ပါ၍ တကူ(စံပြ)တိုက်နယ်ဆေးရုံရှိ ဇီဝိတဒါန သံဃဆေးရုံဆောင်၊ ဝန်ထမ်းအိမ်ရာနှင့် အလက(ခွဲ)သံတိုက် Positive Centre အတွင်း ၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၁၃)ရက်နေ့အထိ လူနာဦးရေ(၇၃)ဦးရှိ၍ ယမန်နေ့က(၇)ဦးအားဆေးရုံမှဆင်းခွင့်ပြုပြီး လူနာသစ်(၁၅)ဦး ထပ်တိုးလာသဖြင့် ကိုဗစ်ရောဂါပိုးတွေ့လူနာပေါင်း(၈၁)ဦးအထိ တိုးလာနေပြီဖြစ်ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)