ပုသိမ်ကြီးမြို့နယ်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးရေး ကွင်းဆင်း ဆောင်ရွက်

ပုသိမ်ကြီး ဩဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက် စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအတွက် မြို့နယ်အဖွဲ့များ၏ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့ပေါ်ရှိဆေးဝါးနှင့် ဆေးပစ္စည်းရောင်းချသည့် ဆိုင်များအား စစ်ဆေးခဲ့ကြသည်။

အဆိုပါ စစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ ဆေးဝါးနှင့် ဆေးပစ္စည်းရောင်းချသည့် ဆိုင်များတွင် ပုံမှန်ဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး၊ မြို့နယ်အတွင်း ကျန်ရှိ နေသေးသော ဆေးဝါးရောင်းချသည့် ဆိုင်များအား ဆက်လက်၍ စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုဦးစီးမှူး ဒေါ်မွန်မွန်ခင်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်မျိုးမင်းသန်းနှင့် တပ်ဖွဲ့ဝင်(၄)ဦး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သောအဖွဲ့မှ ဆေးနှင့် ဆေးပစ္စည်းများ ဈေးနှုန်းမြင့်တင် ရောင်းချမှု မရှိစေရန် ပုံမှန်ဈေးနှုန်းအတိုင်းသာ ရောင်းချစေရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)