ပြည် သြဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးတို့အတွက် ပြည်သူများအနေဖြင့် (Stay at home)နေအိမ်တွင် နေထိုင်ရေးအစီအစဥ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးနှင့် အများပြည်သူရုံးပိတ် ရက်ရှည် ကာလအတွင်း ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မဖြစ်မနေ နေအိမ်ပြင်ပထွက်ခွာသွားလာပါက သက်ဆိုင်ရာကထုတ်ပေးထားသော "အပြင်ထွက်သွား လာခွင့်ကတ်"ဖြင့်သွားလာရေးတို့ကို တာဝန်ရှိသူများက ယနေ့နံနက် ပိုင်း တွင် အမှတ်(၂)ရဲစခန်းရှေ့ ဗိုလ်ချုပ်လမ်း၌ စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအပြင်ထွက်သွားလာခွင့်ကတ်ကို မြို့နယ်အတွင်း ရပ်ကွက်ကြီး (၁၀)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာအပြင်ထွက်သွားလာခွင့်ကတ်များထုတ်ပေးထားရှိပြီး အစိုးရဝန်ထမ်း များနှင့် ကုမ္ပဏီဝန်ထမ်းများကိုလည်း သက်ဆိုင်ရာကတ်များ ထုတ်ပေး ထားရှိပြီးဖြစ်ကာ လက်ရှိကာလတွင် သည်( Stay at home )ကလဖြစ်သဖြင့် နေအိမ်တွင်နေထိုင်ရေးအစီအစဉ်ကို လိုက်နာဆောင်ရွက်ရန်နှင့် မဖြစ်မနေ ကျန်းမာရေး ကိစ္စများနှင့်ဈေးရောင်းဈေးဝယ်ကိစ္စများမှအပ မည်သည့် ကတ်ဖြင့်မဆို ထွက်ခွာသွားလာခွင့်မပြုကြောင်းနှင့် သက်ဆိုင်ရာကတ်များဖြင့် သွားလာခြင်းရှိ/မရှိကို မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ မြို့တွင်းလှည့်လည်စိစစ်ရေးကော်မတီမှ တာဝန်ရှိသူများက အဖွဲ့ခွဲ၍ နေ့စဉ်ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အပြင်ထွက်သွားလာခွင့်ကတ်မပါဘဲ ထွက်ခွာသွားလာမှုစစ်ဆေးတွေ့ရှိပါက ဒဏ်ကြေးငွေ "တစ်သောင်းကျပ်"ပေးဆောင်စေမည့်အပြင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတာဝန်ရှိသူ များထံက သိရသည်။
ခရိုင်ပြန်/ဆက်