သတင်းများ

မင်းဘူး(စကု)မြို့နယ်၌ Stay At Home သတ်မှတ်စည်းကမ်းချက်များ လိုက်နာဆောင်ရွက်ရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်
Aug 15,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ Stay At Home သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်စေရန်အတွက် စစ်ဆေးကြပ်မတ် ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူးမြို့ရှိ လမ်းဆုံးများနှင့် လူအများ သွားလာရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး
Aug 15,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက် စောင့်ကြည့် စစ်ဆေးကြပ် မတ်ရေးအတွက် မြို့နယ်စစ်ဆေးရေးအဖွဲ့ မှ မြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပြည့်အဝထိုးနှံကြရန် သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့်ရွာခွဲတာဝန်ခံများအား တွေ့ဆုံ
Aug 15,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည်  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျေးရွာများသို့ ကာကွယ်ဆေးများ လာရောက်ထိုးနှံပါက အသက်(၆၅) နှစ်  နှင့် အထက် အဘိုး၊ အဘွားများ အားလုံး ကာကွယ် ဆေးထိုးနှံသွားကြရန် အသိပေးပြောကြားခြင်းကို ယမန်နေ့က ကူကြီးကျေးရွာ အုပ်စု၊ အုပ်ဖိုကန် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအား တွေ့ဆုံကြားခဲ့ကြောင်း သိရသည်။
သရက်မြို့ယာယီပျံကျဈေးနှင့် အသားငါးဈေးရှိ ဈေးရောင်း/ ဈေးဝယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်
Aug 15,2021
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များသည် ယနေ့ နံနက် ၇ နာရီက  ဗိုလ်ချုပ်အားကစားကွင်းအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ယာယီပျံကျဈေးနှင့် မြို့မဈေးအတွင်းရှိ အသားငါးဈေးတို့တွင် ဈေးဆိုင်များ စနစ်တကျ ရောင်းချစေရန်၊ ဈေးဝယ်သူများ ဈေးဝယ်ခွင့်ကတ်များ ကိုင်ဆောင်ဝယ်ယူကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် စေရန်တို့အား အသိပညာပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး
Aug 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များကို မြို့နယ် ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ဝက်လက်မြို့နယ်တွင်  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် လူဦးရေ ၅၀၀၀ ဦး ထိုးနှံပြီးစီး
Aug 15,2021
စစ်ကိုင်းတိုင်ဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် အဖြစ် လူဦးရေ ၅၀၀၀ ဦးကို ထိုးနှံပြီးကြောင်း သိရသည်။
ဝက်လက်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ပျောက်ကင်း၍ မိမိနေအိမ်သို့ ပြန်လည် နေထိုင်ခွင့်ပြုသူ ၃၈၉ ဦးထိရှိလာ
Aug 15,2021
စစ်ကိုင်တိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့သူများ နှင့် စက်စပ်သူများ Quarantine Center များသို့ ရောက်နေသူများကို ကျန်းမားရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးလျှက်ရှိကြောင်း သိရသည်။
ပန်လုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှာခေါင်းစည်း(Mask) အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းဆောင်ရွက်
Aug 15,2021
 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်းဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများသည်  ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့မဈေးတွင် နှာခေါင်းစည်း(MasK) အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။