မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကာမိုင်းချောင်းရေ အနည်းငယ်တက်လာ၍ အနိမ့်ပိုင်းအိမ်များ ရေများဝင်ရောက်
Aug 14,2021
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ သြဂုတ်လ(၁၃)ရက်ညပိုင်းနှင့် (၁၄)ရက်နံနက်ပိုင်းတွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ကာမိုင်းမြို့အနီးရှိ အင်းတော်ချောင်းမှာ ရေအနည်းငယ်မြင့်တက်လာသဖြင့် ပေ(၃၀၀)တံတားရှိ ကြမ်းခင်းနှင့် (၅)ပေအကွာထိ တက်လာသဖြင့် ချောင်းကမ်းဘေးအနိမ့်ပိုင်းရှိ လူနေအိမ်ခြံဝန်းများအတွင်းသို့ အနက်ပေ (၁)ခန့်၊ အလျားပေ (၁၀၀)ခန့် အထိသို့ ရေများစတင်ဝင်ရောက်ခဲ့ကြောင်း သိရသည်။