မော်လမြိုင်ကျွန်း သြဂုတ် ၁၅
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် လှိုင်းဘုန်း ကျေးရွာအုပ်စု့ ချမ်းမြေ့ရတနာခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲ အချိန်ထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို လှိုင်းဘုန်းကျေးရွာအုပ်စု၊ အလယ်ရေကျော် ကျေးရွာအုပ်စု၊ ရေတွင်းကုန်း ကျေးရွာအုပ်စု၊ ပက်ပြဲကျေးရွာအုပ်စု၊ ကဇောင်းကျေးရွာအုပ်စု၊ ဖျာလိပ်ကျေးရွာအုပ်စု၊ မြစ်ကြီးဘိုး ကျေးရွာ အုပ်စုအတွင်းရှိ အသက် ၅၀နှစ်နှင့်အထက် ပြည်သူ (၁၂၈၀) ဦးအား ထိုးနှံပေးသည်။
ထို့သို့ ကျေးရွာအုပ်စုကြီး (၈)အုပ်စု ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်းများ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများတို့မှ ပြည်သူများအား ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ အဆင်ပြေစွာ ဆေးထိုးနှံရေး ပူးပေါင်း ဆောင်ရွက် ကြကြောင်း သိရသည်။
သီတာအောင် (ပြန်/ဆက်)