သတင်းများ

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်သုံးဆေးဝါးများသိုလှောင်၍ အမြတ်တင် ရောင်းချနေသည့် ဆေးဂိုဒေါင်များကို စိစစ်အရေးယူ
Aug 15,2021
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းဖြစ်ပွားနေစဉ် ကာလအတွင်း အများပြည်သူအတွက် ဆေးဝါးဈေးနှုန်း မြင့်မားခြင်းမရှိစေရန် ရည်ရွယ်၍ ဆေးဂိုဒေါင်များကို မြို့နယ်အလိုက် အဖွဲ့များဖွဲ့၍ စစ်ဆေးဆောင်ရွက်လျှက်ရှိပါသည်။
စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများ စီစဉ်ထားရှိမှု ကြည့်ရှုစစ်ဆေး
Aug 15,2021
စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများသည် ယမန်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာနသို့ သွားရောက်၍ ခရိုင်အတွင်း သဘာ ဝဘေးအန္တရာယ်များ ကျရောက်လာပါက ကုန်းလမ်း၊ ရေလမ်းသုံး ကယ်ဆယ်ရေး ပစ္စည်းများ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ကြံခိုင်မှုရှိရေးတို့ကို ကြည့်ရှုစစ်ဆေးရာ ခရိုင်မီးသတ် ဦးစီးမှူး ဦးသက်အောင်က လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ကယ်ဆယ်ရေး ပစ္စည်းများ စီစဉ်ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ တိုက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှု၊ မိုးစပါးစံပြစိုက်ကွက်နှင့် မွေးမြူရေး လုပ်ငန်းများ ကြည်ရှု စစ်ဆေး
Aug 15,2021
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးပေးနေမှု ကြည့်ရှုစစ်ဆေး၍ ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ မိုးစပါးစံပြစိုက်ကွက်နှင့် ပုဂ္ဂလိကမွေးမြူရေး လုပ်ငန်းများအား ကြည့်ရှု အားပေးခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရွာငံမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့်တွေ့ဆုံ
Aug 15,2021
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့တွင် သြဂုတ်(၁၃)ရက်နေ့ မွန်းလွဲ(၂)နာရီခွဲက ရွာငံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရွာငံမြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့်တွေ့ဆုံကြောင်း သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိဇီ၀ကယဉ်ကျေးမှု ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ဆေးလာရောက်ကုသမည့် လူနာများအနေဖြင့် Hotline ဖုန်းစနစ်ဖြင့် ကြိုတင်စာရင်း ပေးသွင်းနိုင်မည် 
Aug 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်းရှိ ဇီ၀ကယဉ်ကျေးမှု ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ဆေးလာရောက်ကုသမည့် လူနာများ အနေဖြင့် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ Hotline ဖုန်း စနစ်ဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်မည် ဖြစ်ကြောင်းသိရှိရသည်။
သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်မတည်ပြီး အလှူရှင်များစုပေါင်းလှူဒါန်းသော အောက်ဆီဂျင်စက် ကလေးမြို့သို့ရောက်ရှိ
Aug 15,2021
ကမ္ဘာ့ဗုဒ္ဓသသနပြု သီတဂူဆရာတော်ဘုရားကြီး အရှင်ဉာဏိဿရ၏ ဩဝါဒအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူအများ ကိုဗစ်-၁၉ ရောဂါကာလအတွင်း အောက်ဆီဂျင်လိုအပ်ချက်များအား တစ်ထောင့်တစ်နေရာမှ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်မည့် အောက်ဆီဂျင်စက်ကြီးသည် စက်ရုံတည်ထားမည့် ကလေးမြို့  သီတဂူအာရောဂျဒါန ဆေးရုံတော်ကြီးအတွင်းသို့ ယမန်နေ့ နံနက်ပိုင်းက ရောက်ရှိကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ စိုက်ပျိုးရေး ဦးစီးဌာန ဓာတ်ခွဲခန်းများ၊ သရောင်းချောင်း မျိုးသန့်ခြံသို့ သွားရောက် ကြည့်ရှုစစ်ဆေးခြင်းနှင့် ပုသိမ်မြို့၊ ခုတင် (၅၀၀)ဆေးရုံကြီးတွင် လှူဒါန်းထားရှိသည့် ကျန်းမာရေး အထောက်အကူပြ
Aug 15,2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပုသိမ်မျိုးစေ့ အရည်အသွေး စစ်ဆေးခန်း သို့ရောက်ရှိ၍ မျိုးသန့်စင်မှုစစ်ဆေးခြင်း၊ မျိုးစေ့အပင်ပေါက် စမ်းသပ်ခြင်းများအား ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးမျိုးစေ့တာဝန်ခံ ဒေါ်ခင်ဌေးမြင့်မှ လိုက်လံ ရှင်းလင်း တင်ပြခဲ့ပါသည်။
တောင်ကြီးမြို့နယ်တွင် အသက်(၆၅)နှစ်အထက်အဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Aug 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် အသက်(၆၅)နှစ်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီ က ရှမ်းပြည်နယ်အားကစားရုံ၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။