သတင်းများ

မြင်းခြံတက္ကသိုလ်၌ မူလတန်းပြ ဆရာ/ဆရာမများ အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်း ဆင်း
May 22,2026
မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ မူလတန်းပြ ဆရာ/ ဆရာမများ အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက အဆိုပါ တက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီ/ ပိုစတာပြိုင်ပွဲ ကြည့်ရှုအားပေး
May 22,2026
တနင်္သာရီတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အကြို အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီ/ ပိုစတာပြိုင်ပွဲကို ယနေ့နက်ပိုင်းက ထားဝယ်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပသည်။
သထုံမြို့နယ်၌ တစ်ရွာ(၂)ဧက ကျေးရွာပိုင်ထင်းစိုက်ခင်း စုပေါင်းစိုက်ပျိုးခြင်းအခမ်းအနား ကျင်းပ
May 22,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သစ်တောဦးစီးဌာန၏ မိုးရာသီတစ်ရွာ(၂)ဧက ကျေးရွာပိုင်ထင်းစိုက်ခင်း စုပေါင်းစိုက်ပျိုးခြင်းကို ယမန်နေ့နံနက်က မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းမြေနေရာ၌ ပြုလုပ်သည်။
ရေတာရှည်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး
May 22,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယမန်နေ့နံနက်ပိုင်းက အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများနှင့် ပြည်သူများအား ရောဂါရှာဖွေစမ်းသပ်ကာကွယ်ကုသ
May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မေလ ၂၀ ရက်နေ့၊ နံနက် ၈ နာရီအချိန်က ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ရောဂါရှာဖွေစမ်းသပ်ကာကွယ်ကုသပေးလျက်ရှိသည်။
မွန်ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံးနှင့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးရှိ ဝန်ထမ်းများအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ
May 22,2026
ပြည်တွင်းအခွန်များဦးစီးဌာန၊ မွန်ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံးနှင့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးရှိ ဝန်ထမ်းများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
လပွတ္တာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပ
May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ပျဉ်‌‌ထောင်တွင်းကျေးရွာရှိ သဒ္ဓမ္မရံသီဘုန်း‌တော်ကြီးကျောင်းတွင် ယမန်နေ့နံနက် (၀၉:၃၀) အချိန်က‌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ကျင်းပခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း အစိုးရသစ်လက်ထက် ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများအပေါ် ရှင်းလင်းတင်ပြချက် အစည်းအဝေးသို့တက်ရောက်
May 22,2026
အစိုးရသစ်လက်ထက် ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများအပေါ် ရှင်းလင်းတင်ပြချက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက အစိုးရသစ်အနေဖြင့် ပြည်သူလူထုအကျိုးရှိစေမည့်လုပ်ငန်းများကို အချိန်တိုအတွင်း ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော်၏မူဝါဒများနှင့်အညီ ရှေ့ဆက်ဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဌာနအသီးသီး၏ ဆောင်ရွက်မှုအခြေအနေများကို ပြန်လည်သုံးသပ်နိုင်ရန်အတွက် အရေးကြီးပါကြောင်း၊ ချမှတ်ထားသည့်မူဝါဒ၊ လမ်းညွှန်မှာကြားချက်များကို အချိန်တိုကာလအတွင်းမှာ ထိထိမိမိနဲ့ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို တာဝန်ယူမှု တာဝန်ခံမှုရှိစွာဖြင့် တိုးတက်မှုရလဒ်များပေါ်လွင်ပြီး အချိန်မီပြီးစီးအောင် ကြိုးစားပမ်းစားလုပ်ဆောင်သွားကြရမှာဖြစ်ကြောင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများအလိုက် လုပ်ငန်းများလျာထားမှု၊ ဆောင်ရွက်ပြီးစီးမှု၊ ကြုံတွေ့ရသောအခက်အခဲများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများကို ယနေ့အစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးပေးကြရန်၊ မြေပြင်အခြေအနေမှန်ကိုသိရှိပြီး လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုထိရောက်မြန်ဆန်မှုကို အထောက်အကူပြုနိုင်ရေးအတွက် လိုအပ်သည့်ကိစ္စရပ်များကို အချိန်နှင့်တပြေးညီ ပေါင်းစပ်ဖြည့်ဆည်းပေးနိုင်မှာဖြစ်သည့် အတွက် ဝိုင်းဝန်းရှင်းလင်းဆွေးနွေးပေးကြရန်လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။