သတင်းများ

စစ်ဆင်ရေးတာဝန်များထမ်းဆောင်နေသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်
Sep 10,2025
နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများနှင့် စေတနာရှင်များလှူဒါန်းသည့် စားသောက်ဖွယ်ရာများ ပေးအပ်သည့်အခမ်းအနားကို စက်တင်ဘာလ  ၉ ရက် မွန်းလွဲ ၂  နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
မက်မန်းမြို့တွင် မီးဘေးနှင့်သဘာဝဘေးအန္တရယ်များအကြောင်း အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲ ကျင်းပ
Sep 10,2025
ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးနှင့်သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၈ ရက်နေ့က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
တာလေမြို့တွင် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကျင်းပ
Sep 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများ အသိဉာဏ်ပညာတိုးပွားရရှိစေရန် အသိပညာ ပြန့်ပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(ကြာရှော)၌ အသိပညာပေးဟောပြောပွဲ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့၌ စားအုန်းဆီများအား သတ်မှတ်စျေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေး ကြပ်မတ်စစ်ဆေးမှုများ ဆောင်ရွက်
Sep 10,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း စားအုန်းဆီအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဟင်းသီး၊ ဟင်းရွက်ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ)နှင့် အဆင့်မြင့်စားအုန်းဆီတို့တွင် ကုန်စည်၏ အမျိုးအမည်နှင့် အလေးချိန်တို့အား မြန်မာဘာသာဖြင့် ရေးသားဖော်ပြခြင်း ရှိ/မရှိ၊ စားအုန်းဆီများစျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/ မရှိတို့အား ယနေ့နံနက် ၁၁ နာရီအချိန်က ဆင်ပေါင်ဝဲမြို့ မြို့မစျေး အတွင်း/ အပြင်ရှိ ဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
သရက်ချောင်းမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနား၊ ပြပွဲ၊ ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စာပေဟောပြောပွဲကျင်းပ
Sep 10,2025
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိသောအသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနား၊ ပြိုင်ပွဲများ၊ ပြပွဲများပျော်ပွဲရွှင်ပွဲများနှင့် စာပေဟောပြောပွဲကို စက်တင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းမှစတင်၍ သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အခြေခံကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၃/၂၀၂၅)၊ လက်တွေ့အသုံးချ ကွန်ပျူတာ ကျွန်းကျင်မှု (Essential Networking Engineering Course) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်အခမ်းအနား ကျင်းပ
Sep 10,2025
အခြေခံကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၃/၂၀၂၅)၊ PowerPoint ၊ Zoom Meeting နှင့် Video Conferencing အသုံးပြုနည်းသင်တန်းအမှတ်စဉ်(၂/၂၀၂၅)၊ လက်တွေ့အသုံးချကွန်ပျူတာ ကျွန်းကျင်မှု (Essential Networking Engineering Course) သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်အခမ်းအနားကို စက်တင်ဘာ ၅ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ သင်တန်းကြီးကြပ်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးလုပ်ငန်းဆောင်ရွက်
Sep 10,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုင်းခတ်မြို့၊ ဝမ်ခုတ်‌ကျေးရွာနမ့်လွေစာကြည့်တိုက်သို့ စာကြည့်တိုက်ရှင်သန်ခိုင်မာ‌ရေး ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ
Sep 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်ရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ဝမ်ခုတ်ကျေးရွာ “နမ့်လွေ” စာကြည့်တိုက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။