သတင်းများ

ကန်ကြီးထောင့်မြို့နယ်၌ အမှတ်စဥ် (၁/၂၀၂၆)သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံ မီးသတ်ပညာသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ
May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ အမှတ်စဥ် (၁/၂၀၂၆) သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအကြိုအခြေခံမီးသတ်ပညာသင်တန်းဆင်းပွဲအခမ်းအနား ကို မေလ ၂၂ ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာနတွင်ကျင်းပသည်။
ရေတာရှည်မြို့နယ်အတွင်း စပါးမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်းအား ကွင်းဆင်းကြည့်ရှု
May 22,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ် သပြေတန်းကျေးရွာမှ ဒေသခံတောင်သူ ဒေါ်ခင်တုတ်၏ကွင်း၌ စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) အသုံးပြု၍ မိုးစပါးစိုက်ပျိုးနေမှုကို ခရိုင် စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့သည်။
ဇလွန်မြို့၌ (၂၀၂၆ - ၂၀၂၇) ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ
May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြိုနယ်တွင် (၂၀၂၆ -၂၀၂၇) ပညာသင်နှစ်အတွက် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီတွင် မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် စိုက်ထူခဲ့သည်။
အုတ်တွင်းမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းတူးဖော်ရေးလုပ်ငန်းများဆောင်ရွက်
May 22,2026
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ရက် (၁၀၀) စီမံချက်တွင် မိုးတွင်းကာလအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့ပေါ်စျေးရပ်ကွက်အတွင်းရှိ ရေနုတ်မြောင်းတူးဖော်ရေးလုပ်ငန်များကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိသည်။
ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး ဖွံ့ဖြိုးမှုအစီအစဉ် RBF စီမံကိန်း မြန်အောင်မြို့နယ် ဆန်နီချောင်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိ
May 22,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးဖွံ့ဖြိုးမှုအစီအစဉ်ကို အထောက်အကူဖြစ်‌စေမည့် RBF စီမံကိန်းကို မြန်အောင်မြို့နယ် ဆန်နီချောင်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က တိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်သောတာဝန်ရှိသူများက ဆန်နီချောင်ကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံ၍ စီမံကိန်းအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
တီးတိန်မြို့၌ ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူ
May 22,2026
ချင်းပြည်နယ်တီးတိန်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာန၏ ကျောင်းအပ်နှံရေးနေ့‌ဆောင်ပုဒ်ဖြစ်သော ”နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပိုစတာကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်မြို့နယ်ပညာရေးမှူးရုံး၊ မြို့မနာရီစင်လမ်းဆုံနှင့် လွယ်ဘွလ်းရိဒ်လမ်းခွဲများတွင် ယမန်နေ့မွန်းလွဲက‌ မြေစိုက်ပိုစတာ စိုက်ထူကြသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို ချောက်မြို့၌ ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
May 22,2026
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို ချောက်ခရိုင်အတွင်း၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ၊ ဒေသခံပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့အစည်းများနှင့် တွေ့ဆုံကာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
သန်လျင်မြို့ ခရိုင်လူထုအခြေပြုဗဟိုဌာန၌ AI နှင့် နည်းပညာသင်တန်း ဆက်လက်သင်ကြား
May 22,2026
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံး (သန်လျင်) မှ ကြီးမှူးဖွင့်လှစ်သာ AI နှင့် နည်းပညာဆိုင်ရာသင်တန်းကို ယနေ့နံနက် (၁၀) နာရီတွင် သန်လျင်မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ဆက်လက်သင်ကြားလျက်ရှိသည်။