သတင်းများ

ငါန်းဇွန်မြို့နယ်၌ (ထက်/လယ်/မူ+ဘက)ကျောင်းအုပ်ကြီးများအား စာရင်းဇယားရေးသွင်းပြုစုနည်း ဆင့်ပွားသင်တန်း (မြို့နယ်အဆင့်)သင်တန်းဖွင့်လှစ်
May 22,2026
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြို့နယ်ပညာရေးမှူးမှ ကြီးမှူး၍ (ထက်/လယ်/မူ+ဘက) ကျောင်းအုပ် ဆရာ/ဆရာမကြီးများအား စာရင်းဇယားရေးသွင်းပြုစုနည်း ဆင့်ပွားသင်တန်း (မြို့နယ်အဆင့်) သင်တန်းကို ယနေ့ နံနက်(၁၀)နာရီက ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပသည်။
ကျွန်းစုမြို့နယ်၌ သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်
May 22,2026
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင်  မြိတ်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ရက် ၁၀၀ စီမံချက်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းအဖြစ် သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ကို မေ ၂၂ ရက် မှ ၂၈ ရက်အထိ ၇ ရက်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ကမ်းကြီးကျေးရွာအုပ်စု၊ ကမ်းကြီးကျေးရွာ၌ ကျင်းပသည်။
တနင်္သာရီမြို့နယ်၌ အကျိုးဆောင်တောင်သူများအား စပါးမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနည်း ပညာပေးသင်တန်းဖွင့်လှစ်
May 22,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် Seeder စိုက်ပျိုးနည်းပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
မြစ်သားမြို့နယ် ပန်းလောင်မြစ်အတွင်း၌ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနား ကျင်းပ
May 22,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်တွင် နွားကူးကြီးကျေးရွာအုပ်စု၊ နွားကူလေး ကျေးရွာအနီးရှိ  ပန်းလောင်မြစ်အတွင်း၌ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကို မေ ၂၂ ရက် နံနက် ၇ နာရီက ကျင်းပသည်။
မြစ်သားမြို့နယ်၌ တောင်သူများအတွက်   မိုးရာသီ စိုက်ပျိုးစရိတ်ထုတ်ချေး
May 22,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ် အတွင်းရှိ တောင်သူများအား ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးခြင်းကို မေ ၁၅ ရက်မှစတင်၍  ထုတ်ချေး‌ကြောင်းသိရသည်။
မြင်းခြံမြို့၌ အခွန်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
May 22,2026
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ အခွန်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ တောင်သူနည်းပညာပေး‌ဆွေးနွေးပွဲ ပြုလုပ်
May 22,2026
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ စိုက်ပျိုးရေးရုံး၌ ယနေ့နံနက်(၁၀)နာရီအချိန်က ရက် ၁၀၀ စီမံချက်အရ တိုင်း‌မြေ/ မျိုး/ ပိုး တာ၀န်ခံများနှင့် မြို့နယ်၀န်ထမ်းများ၊ လုပ်ငန်းရှင်များနှင့် တောင်သူများအား တောင်သူနည်းပညာပေး‌ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်းဆင်းပွဲ တက်ရောက်
May 22,2026
မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course) သင်တန်းပြီးမြောက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။