သာကေတမြို့နယ်၌ MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေစမ်းသပ်မဲပေးခြင်း အစီအစဥ်ကျင်းပ

သာကေတ စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ၃/ရန်ပြေရပ်ကွက်၊ ဗုဒ္ဓဝေယျာဝစ္စဓမ္မာရုံ၌ ယနေ့နံနက်(၉)နာရီခွဲအချိန်မှ (၁၂)နာရီအချိန်ထိ ရပ်ကွက်နေမဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေစမ်းသပ်မဲပေးခြင်း အစီအစဥ်အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူမှ အဖွင့်အမှာစကားနှင့် MEVM စက်နဲ့ ပတ်သက်၍ မဲပေးပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့ပြီး မဲဆန္ဒရှင်ပြည်သူ(၈၇၆)ဦးက စမ်းသပ်မဲပေးဆောင်ရွက်နေစဥ်အတွင်းရင်း(၁၀)မှ ဗိုလ်မြင့်အုန်းဦးစီး(၁+၄)ဦး၊ သာကေတမြို့နယ်၊ မြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ်နိုင်လင်းစိုးဦးစီး(၁+၆)ဦး၊ ၂/တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းဦးစီးပသလခရ(၁၀)ဦးနှင့် ၄၃/မာန်ပြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်ဦးစီးပသလခရ(၁၀)ဦးနှင့် ၃/ရန်ပြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဝဏ္ဏစိုးဦးစီးပသလခရ(၁၀)ဦးတို့မှ လုံခြုံရေးဆောင်ရွက်ပေးခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့၀င်ဗိုလ်မှူး သူရိန်ဇော်နှင့် ဦးညွန့်ဝေ၊ အတွင်းရေးမှူးရဲမှူး ညွန့်၀င်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့၀င်ဦးသန်းဇော်ဦး၊ မြို့နယ် MEVM စက်နည်းပြဆရာများ၊ မြို့နယ်ထွေ/အုပ်၀န်ထမ်းများ၊ မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း(၈၉၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရရှိသည်။

သဲထက်ဇင် (ပြန်/ဆက်)