သတင်းများ

ချမ်းမြသာစည်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ/ ပြိုင်ပွဲများ ကျင်းပ
May 23,2026
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ​လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အထ ပိုမိုထွန်းကားလာစေရန်နှင့် စာဖတ်ခြင်း၏တန်ဖိုးကို သိရှိနားလည်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက စာဖတ်ခြင်း၏အကျိုး အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
May 22,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝါရီရူခန်းမတွင်ပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးချမ်းမုံ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းခိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
မင်္ဂလာဒုံမြို့နယ်တွင် နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်
May 22,2026
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယနေ့မွန်းလွဲ ၁၂ နာရီအချိန်က နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်သည်။
ငါးလုပ်ငန်းသင်တန်းကျောင်း(သထုံ)၌ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်သင်တန်း ဖွင့်လှစ်
May 22,2026
မွန်ပြည်နယ်၊ သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းကို ယနေ့နံနက်က စတင်ဖွင့်လှစ်သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်များဆိုင်ရာ ဟောပြောပွဲ၊ မူလတန်းပြ ဆရာ၊ ဆရာမများသင်တန်းဆင်းပွဲနှင့် နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ဆုချီးမြှင့်ပွဲတက်ရောက်
May 22,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ များအား စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်များဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။
အမျိုးသမီးရေးရာအဖွဲ့မှ ရွှေပြည်သာမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ အမျိုးသမီးထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာသို့ နေ့လယ်စာနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်း
May 22,2026
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာရှိ အမျိုးသမီးငယ်များအား နေ့လယ်စာနှင့် အသုံးအစောင်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို မေလ ၂၀ ရက်နံနက်ပိုင်းက အဆိုပါဂေဟာ၌ ကျင်းပသည်။
ငါန်းဇွန်မြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့် စက်မှုစိုက်ပျိုးရေးဘာသာရပ်ဆိုင်ရာ ဆင့်ပွားသင်တန်း(မြို့နယ်အဆင့်)သင်တန်းဖွင့်လှစ်
May 22,2026
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြို့နယ်ပညာရေးမှူးမှ ကြီးမှူး၍ အခြေခံပညာအလယ်တန်းအဆင့် စက်မှု စိုက်ပျိုးရေးဘာသာရပ်ဆိုင်ရာ ဆင့်ပွားသင်တန်း(မြို့နယ်အဆင့်) သင်တန်းကို ယနေ့ နံနက်(၈)နာရီခွဲက ငါန်းဇွန်မြို့ အခြေခံ ပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပသည်။
ကျောက်ဆည်မြို့နယ်၌ နွေစပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းဖွင့်
May 22,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အင်ဒိုင်းကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ယနေ့ နေ့လယ် ၁၂ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်အဖြစ် နွေစပါးသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်း ဖွင့်လှစ်သည်။