သတင်းများ

တာမွေမြို့နယ်၌ မူးယစ်ဆေးဖြတ်သင်တန်းသားများအား ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောပွဲကျင်းပ
May 22,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရက် (၁၀၀) စီမံချက်ဖြင့် မူးယစ်ဆေးဖြတ်သင်တန်းသားများအား ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနား တက်ရောက်
May 22,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးပညာရေးမှူးရုံးရှေ့၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
ဝေါမြို့နယ်၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား) ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
May 22,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား) ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က အခြေခံပညာအထက်တန်းကျောင်း (ဝေါ) သီရိဇေယျာခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်ဆိုင်ရာ သင်တန်းဖွင့်လှစ်
May 22,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ သင်တန်းဖွင့်ပွဲကို၊ မေ ၂၂ ရက် နံနက်(၁၀)နာရီက မြို့နယ်ပညာရေးမှူးရုံး အပေါ်ထပ် အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ငပုတောမြို့နယ် Community centre ခန်းမတွင် အခမ်းအနားမှုးသင်တန်းဆင်းပွဲ ကျင်းပ
May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre ခန်းမတွင် အခမ်းအနားမှူး သင်တန်းဆင်းပွဲကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်သည်။
ကျောက်ပန်းတောင်းမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(လက်ပံပျား)မှ  ကျောင်းသား ကျောင်းသူများ  ပိန္နှဲတောဓာတ်အားခွဲရုံ လုပ်ငန်းများလေ့လာ
May 22,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည်၊ မေ ၂၂ ရက် နံနက်(၉)နာရီက ကျောက်ပန်းတောင်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံးရှိ  66/11 KV ၊  20MVA ပိန္နှဲတောဓာတ်အားခွဲရုံသို့ ကွင်းဆင်းလေ့လာခဲ့ကြရာ၊ မြို့နယ်မန်နေဂျာနှင့် တာဝန်ခံအင်ဂျင်နီယားများက လိုက်လံ ရှင်းလင်းပြသသည်။
သံဖြူဇရပ်၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး စွမ်းရည်မြှင့်မွမ်းမံသင်တန်းအမှတ် (၂/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
May 22,2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မေ ၂၂ ရက် နံနက် ၉ နာရီအချိန်က သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမတွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးစွမ်းရည် မြှင့်မွမ်းမံသင်တန်း အမှတ် (၂/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ရာ သံဖြူဇရပ်တပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦး၊ နည်းပြအရာရှိချုပ် ဗိုလ်မှူးကြီးထွန်းနေဝန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ နည်းပြများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် သင်တန်းများ တက်ရောက်ခဲ့ကြသည်။
ကော့ကရိတ်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူ 
May 22,2026
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ “ နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက် (၇)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှေ့နှင့် ခရိုင်ပညာရေးမှူးရုံးရှေ့တို့၌ ကျင်းပသည်။