သတင်းများ

နတ်မောက်မြို့နယ် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြှင့် မွမ်းမံသင်တန်းအမှတ်စဥ်(၁/၂၀၂၆)သင်တန်းဆင်းပွဲကျင်းပ
May 23,2026
မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံ ရေးတာဝန်) စွမ်းရည်မြှင့်မွမ်းမံသင်တန်းအမှတ်စဥ် (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီအ​ချိန်က ပိတောက်ငုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုးနဲမြို့နယ်၌ အလယ်တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်
May 23,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပညာရေးမှူးမှ ကြီးမှူးကျင်းပသည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အလယ်တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက ပညာရေးတေးသီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့၌ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
May 23,2026
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ မိကျောင်းလှောင်ကျေးရွာ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းရုံးရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေ၀င်း သာယာဝတီမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
May 23,2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေ၀င်းနှင့် အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက သာယာဝတီမြို့နယ် ရန်ကုန်-ပြည် ကားလမ်းမိုင်တိုင်အမှတ် (၈၀/၆)မှ (၈၀/၇)ကြား သင်တောရိုးအုပ်စု၊ ဂွေးချောင်းကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးဇော်လင်း၏ လွှတ်ကျောင်းစနစ်ဖြင့် ဥစားဘဲကောင်ရေ (၄၀၀၀)ကျော်အား ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန်နှင့် ဥစားဘဲများ အကောင်ရေ ထပ်တိုးမွေးမြူရေး မှာကြားခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ အခြေခံပညာအလယ်တန်းဆင့် ဆရာ/ဆရာမများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် ဆွေးနွေးပွဲသင်တန်းဖွင့်လှစ်
May 23,2026
နိုင်ငံတော်၏ လူသားအရင်းအမြစ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံပညာအလယ်တန်းအဆင့်သည် အလွန်အရေးပါသည့်အခန်းကဏ္ဍတွင် ပါရှိသောကြောင့် မြို့နယ်အတွင်းရှိ အလယ်တန်းပြ ဆရာ/ဆရာမများအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် ဆွေးနွေးပွဲသင်တန်းကို ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (စျေးတန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် အခြေခံပညာအလယ်တန်းဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်
May 23,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ ၂၂ ရက် နံနက် ၈ နာရီခွဲက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
တန့်ယန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်း
May 23,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်လှုပ်ရှားဆောင်ရွက်မှုအဖြစ် အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းကို မေလ ၂၂ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ဆောင်ရွက်ခဲ့သည်။
နမ့်စန်မြို့နယ် အ.ထ.က(နမ့်စန်)ကျောင်းရှေ့တွင် ကျောင်းအပ်နှံရေးဆိုင်းဘုတ်စိုက်ထူ
May 23,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်မှ စတင်ဖွင့်လှစ်မည်ဖြစ်ရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် "နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့က အမှတ်(၂)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)ရှေ့ ပြည်ထောင်စုလမ်းမကြီးအနီးတွင် ဆောင်ရွက်ခဲ့ကြသည်။