သတင်းများ

မြို့သစ်၌ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး ဆောင်ရွက်
Sep 12,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ ဝက်၊ ဆိတ် သားရောင်းချသည့် ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးသည်။
ကန်ကြီးထောင့်မြို့နယ်၌ ကျောင်းသား/သူများအား စာအုပ်၊ စာစောင်များ သွား‌ရောက်ငှားရမ်းပေး
Sep 12,2025
ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးဝန်ထမ်းများက ခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင်‌စေရေး ရည်ရွယ်၍ Mobile Libraryစနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နေ့လယ်ပိုင်းအချိန်က အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
မကွေးတိုင်းအတွင်းရှိ ပရဟိတဂေဟာ၊ ဘိုးဘွားရိပ်သာနှင့် ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းနား ကျင်းပ
Sep 12,2025
၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီးအတွင်း စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက ဖွင့်လှစ်ထားပြီး လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရရှိသည့် လူငယ်ဖွံ့ဖြိုးရေးပရဟိဂေဟာ၊ ဘိုးဘွားရိပ်သာ၊ မသန်စွမ်းဂေဟာ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းနှင့် စေတနာမူလတန်းညကျောင်းများသို့ ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မကွေးမြို့နယ် စုပေါင်းရုံး၊ အစည်း‌အဝေးခန်းမတွင် ကျင်းပခဲ့သည်။
မင်းလှမြို့နယ်၌ လူကုန်ကူးမှုကာကွယ်ရေး၊ အမျိုးသမီးများအကြမ်းဖက်ခံရမှုမှ ကာကွယ်ရေးနှင့် သားအိမ်ခေါင်းကင်ဆာအကြောင်း အသိပညာပေး ဟောပြော
Sep 12,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်များအား လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ အမျိုးသမီးများအား အကြမ်းဖက်မှုကာကွယ်ရေးနှင့် သားအိမ်ခေါင်းကင်ဆာအကြေင်း အသိပညာပေးဟောပြောပွဲများကို ယမန်နေ့က အခြေခံပညာအလယ်တန်းကျောင်း (မြောက်ရပ်ကွက်) ကျောင်းဝန်းအတွင်း ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့တွင် ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာအသိပညာပေး
Sep 12,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့တွင် ကျောင်းသားလူငယ်များ ဗလ ငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
မိတ္ထီလာခရိုင်တွင် ဝါသီးနှံပန်းတိုင်အထွက်နှုန်းထွက်ရှိရေး  နည်းပညာပေးသင်တန်းပို့ချ
Sep 12,2025
မန္တလေးတိုင်းဒေသကြီး  မိတ္ထီလာခရိုင်တွင် ဝါသီးနှံပန်းတိုင်အထွက်နှုန်း တစ်ဧက ပိဿာ ၇၀၀ ထွက်ရှိရေး TOT သင်တန်းကို စက်တင်ဘာ ၁၁ ရက် နံနက် ၈ နာရီခွဲက ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
မိုးနဲမြို့နယ်၌ စာကြည့်တိုက်လုပ်ငန်းတွင်ကျယ်လာစေရေး စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်း
Sep 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများသို့ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း(ပေါ့မိုင်း)သို့ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းမိုးရာသီ ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ
Sep 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းမိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီက မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။