သတင်းများ

ပင်လောင်းမြို့၌ ဆေးဝါးအ‌ရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေး
Sep 10,2025
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဌာနဆိုင်များက မြို့ပေါ်ရပ်ကွက်ရှိ ဆေးဝါးအရောင်ဆိုင်များကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
တာချီလိတ်မြို့၌ အခြေခံစားသောက်ကုန်များ၊ စာရေးကိရိယာနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်း
Sep 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေ့ရဲကျေးရွာ အောင်မင်္ဂလာတောရဘုန်းတော်ကြီးသင်မူလတန်းကျောင်း၊ ဝမ်ကောင်းရပ်ကွက်ရှိ တာချီလိတ်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာနှင့် ဘိုးဘွားရိပ်သာသို့ ယနေ့ နံနက်ပိုင်းက ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များက အခြေခံစားသောက်ကုန်များ၊ စာရေးကိရိယာနှင့် သင်ထောက်ကူပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ (Green and Clean) လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Sep 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များသည် ယနေ့နံနက်ပိုင်းက (Clean and Green) လုပ်ငန်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ စားသုံးသူမိဘပြည်သူများကို စားသုံးဆီများ စနစ်တကျရောင်းချမှုရှိစေရေး ကြပ်မတ်စစ်ဆေး အသိပညာပေး
Sep 10,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် စားသုံးသူမိဘပြည်သူများကို စားသုံးဆီများ ရောင်းချရာ၌ သတ်မှတ်စည်းကမ်းချက်များအတိုင်း စနစ်တကျရောင်းချမှုရှိစေရေး စစ်ဆေးအသိပညာပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့၌  ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်
Sep 10,2025
ရှမ်းပြည်နယ်(တောင်ပိုင်း၊) ရပ်စောက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း ရတနာပုံ၌ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ
Sep 10,2025
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အထွေထွေဗဟုသုတ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နေ့လယ် (၁)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Sep 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်​၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က ညောင်ကုန်းရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်နှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 10,2025
ကျောင်းသား၊ ကျောင်းသူလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသည့် ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတက်စေရန်၊ တန်ဖိုးထားတက်စေရန်၊ အသိပညာ၊ အတက်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ လုကုန်ကူးမှုအန္တရာယ်အကြောင်း သိရှိနိုင်စေရန်အတွက် လူကုန်ကူးမှုအန္တရာယ်နှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ချောက်ကြား)တွင် ကျင်းပပြုလုပ်ခဲ့သည်။