သဲကုန်း စက်တင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့်မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းအသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစောပြည့်စုံက မြန်မာအီလက်ထရောနစ်(MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်း အသိပညာပေးခြင်း ဆောင်ရွက်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဒေါ်သူဇာခင်က အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်းအသုံးပြုပုံ၊ အသုံးပြုနည်းများအားရှင်းလင်းပြသပေးသည်။ ယင်းနောက် တက်ရောက်လာသောဌာနဆိုင်ရာဝန်ထမ်းများနှင့် မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဌာဆိုင်ရာဝန်ထမ်းများနှင့် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းအသိပညာပေးခြင်းသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိနှင့် ရုံးအဖွဲ့များက စနစ်တကျကြီးကြပ်၍ ရှင်းလင်းသရုပ်ပြသဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)