ကွန်ဟိန်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

ကွန်ဟိန်း စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ (ဝိန်းနန်း)၊ အခြေခံပညာမူလတန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲအား ယနေ့နံနက်(၉)နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ စာကြည့်တိုက်လက်ထောက်-( ၃) ဒေါ်သဲမာကကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမားအဖြစ်တွန်းပို့စေသည့်  အကြောင်းရင်းများ၊ ရှောင်ကျဥ်ရမည့်နည်းလမ်းများ၊ ပူးပေါင်းပါဝင်ဆောင်ရွက်သင့်သည့် အခြေခံအချက်များနှင့်စပ်လျဥ်း၍ အသိပညာပေး ဟောပြောသည်။

ထိုနောက် စာအုပ်စာစောင်ပြသခြင်း၊ စာအုပ်များငှားရမ်းပေးခြင်း၊ ဖတ်ရှုစေခြင်းများ ဆောင်ရွက်ပေးပြီး ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)