နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းတွင်းကျန်းမာရေး စစ်ဆေးပေး

နတ်မောက် စက်တင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ကျောင်းတွင်းကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကျောင်းတွင်းကျန်းမာရေးစစ်ဆေးရာတွင် မြို့နယ်ကျန်းမာရေးမှူး(၁) ဆရာမကြီးနှင့် ဝန်ထမ်းများက အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေး၊ လက်ဆေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်းများ အသိပညာပေးဟောပြောခဲ့ပြီး အသက်(၇)နှစ်မှ (၁၅) နှစ် အတွင်း ကျောင်းသား၊ ကျောင်းသူများအား ဝက်သက်၊ ဂျိုက်သိုးနှင့် ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးများကို တစ်ဦးချင်းအလိုက် ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

လှဝင်း