သတင်းများ

ပွင့်ဖြူမြို့နယ်၌ လယ်ယာမြေများ အခြားနည်းဖြင့်အသုံးပြုရန် တင်ပြလာသော လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Sep 10,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း လယ်ယာမြေများ အခြားနည်းဖြင့် အသုံးပြုရန် တင်ပြလာသောလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက ခရိုင်မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်
Sep 10,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ (ဝိန်းနန်း)၊ အခြေခံပညာမူလတန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲအား ယနေ့နံနက်(၉)နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သဲကုန်းမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းအသိပညာပေးခြင်းဆောင်ရွက်
Sep 10,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့်မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းအသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူကုန်ကူးမှုတားဆီးကာကွယ်‌ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ ကျင်းပ
Sep 10,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ကျင်းပခဲ့သည်။
မက်မန်းမြို့တွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုနည်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသက်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်
Sep 10,2025
ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုနည်းဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသက်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့နယ် မန်ဝိန်းအုပ်စု၊ ကွန်ဟောင်းကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ် ရွှေဘိုရွာသစ်ကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမအဆောက်အအုံသစ်တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး
Sep 10,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်သည့် Smart Village စီမံကိန်း ရွှေဘိုရွာသစ်ကျေးရွာ၌ နိုင်ငံတော်ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာဘက်စုံသုံးခန်းမအဆောက်အအုံသစ် ဆောက်လုပ်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် မွန်ပြည်နယ်မှ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းများ၊ မြို့နယ်များအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်
Sep 10,2025
၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် မွန်ပြည်နယ်မှ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ ကျောင်းများ၊ မြို့နယ်များအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်မှ ကျောင်းသူများက “ဂုဏ်ထူးရှင်တို့ ဂုဏ်ပြုစို့” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အနေဖြင့် ဘက်စုံပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရေး အလေးထားဆောင်ရွက်ပေးလျက်ရှိရာ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် အဖက်ဖက်မှ ပံ့ပိုးကူညီပေးလျက်ရှိပြီး ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဘာသာရပ်အလိုက် ဂုဏ်ထူးရ‌ ကျောင်းသား၊ ကျောင်းသူ (၉၈၈) ဦးနှင့် မြန်မာတစ်နိုင်ငံလုံးတွင် အောင်ချက် ၅၇ ဒဿမ ၁၆ ရာခိုင်နှုန်းဖြစ် ပထမရရှိတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် အခြေခံပညာကိုပြီးဆုံးပြီး အဆင့်မြင့်ပညာကို သင်ယူရတော့မှာဖြစ်တဲ့အတွက် မိမိတို့ စိတ်ဝင်စားတဲ့ ပညာရပ်များ၊ ဝါသနာပါတဲ့အသက် မွေးဝမ်းကျောင်း‌ဘာသာရပ်ကို စဉ်ဆက်မပြတ် ကြိုးစားအားထုတ်သင်ယူပြီး နိုင်ငံတော်အတွက် အားထားရတဲ့ လူတော်၊ လူကောင်းလေးများ ဖြစ်အောင်စွမ်းဆောင်ပေးကြစေလိုကြောင်း၊ အရည်အသွေးမြင့်မားသော အသိပညာရှင်၊ အတတ်ပညာရှင်များ၊ လူရည်ချွန်လူရည်မွန်များ မွေးထုတ်စေနိုင်မည့် ဘက်စုံပညာရေးစနစ် သက်ဝင်ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန် ပညာရေးပဉ္စဂံဖြစ်သည့် မိဘ၊ ဆရာ၊ ကျောင်းသားများနှင့် တာဝန်ရှိသူများ၊ စေတနာရှင်ပြည်သူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး (၂၆)ကြိမ်မြောက် တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ၊ ဒုတိယနေ့ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေး
Sep 10,2025
(၂၆)ကြိမ်မြောက် တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို စက်တင်ဘာ ၉ ရက် နံနက်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ  အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)တွင် ဒုတိယနေ့အဖြစ်ဆက်လက်ကျင်းပခဲ့သည်။