ချောက်မြို့ ဗုဒ္ဓဘာသာကလျာဏာယုဝအသင်းသို့ ဗလာစာအုပ်(၁၂၀)ဒါဇင်လှူဒါန်း
Dec 06,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့ ဗဟိုကွက်သစ် အခြေခံပညာ မူလတန်း ကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/သူများအတွက် ချောက်မြို့ဗုဒ္ဓဘာသာကလျာဏာ ယုဝအသင်း၊ အသင်းအမှတ်(၂၀)သို့ အလှူရှင်မိသားစုမှ ဗလာစာအုပ်(၁၂၀)ဒါဇင် လှူဒါန်းခဲ့ကြောင်း သိရသည်။