ကော့ကရိတ် ဒီဇင်ဘာ ၆
စာပေချစ်မြတ်နိုးသူ ပြည်သူများအနေဖြင့် စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ ကော့က ရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် Online မှ တစ်ဆင့် အသိပညာပေး အစီအစဥ်များကို စဥ်ဆက်မပြတ် ရိုက်ကူး ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀နာရီအချိန်က ပုံပြင်ပြောအစီအစဉ်ကို ရိုက်ကူး ထုတ်လွှင့် တင်ဆက်ပေးခဲ့ ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း စာဖတ်ပရိတ်သတ်ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အသိပညာဗဟုသုတများတိုးပွားပြီး၊ စာကောင်းပေမွန် ဖတ်ရှု လိုစိတ်များ ပိုမိုဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ပြန်/ဆက် ဦးစီးဌာန ဝန်ထမ်းများက Online မှ တစ်ဆင့် သုတ၊ ရသစာအုပ်မိတ်ဆက်ခြင်း အစီအစဉ် ကဗျာရွတ်ဆိုခြင်းအစီအစဉ်၊ ဆေး ရောင်ခြယ်ခြင်းအစီအစဉ်၊ ပုံပြင်ပြောအစီအစဉ် ကိုယ်ကာယလေ့ကျင့်ခန်းအစီအစဉ်၊ စက္ကူ ဖြင့် အရုပ်ခေါက်ခြင်း အစီအစဉ်များကို စဉ်ဆက်မပြတ် ကော့ကရိတ်ခရိုင် ပြည်သူ့စာကြည့် တိုက် Page မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန် / ဆက်)