သတင်းများ

လှိုင်းဘွဲမြို့နယ်တွင် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Jun 08,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၂၁ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း အစိုးရ ဓမ္မာစရိယ ပါဠိပထမပြန် စာမေးပွဲလားရှိုးမြို့၌ကျင်းပ
Jun 08,2021
လားရှိုးမြို့ မြို့တော်ခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီအချိန်က ၂၀၂၁ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း အစိုးရ ဓမ္မာစရိယ ပါဠိပထမပြန် စာမေးပွဲကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၁ ခုနှစ် ပါဠိပထမပြန် စာမေးပွဲကျင်းပ
Jun 08,2021

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ် ပါဠိပထမပြန် စာမေးပွဲ ပထမနေ့ ဒွေးမာတိကာဘာသာကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ပြည်တော်သာရပ်ကွက်ရှိ မြို့နယ်ကျက်သရေဆောင် သာသနာ့ဗိမ္မာန်တော်ကြီးနှင့် ပျဉ်းမပင်အာယုဒီဃ ပျိုးဥယျာဉ် စာသင်တိုက် အပါအဝင် မင်္ဂလာဒုံမြို့နယ် သာသနာ့နုဂ္ဂဟဆန်လှူအသင်းဓမ္မာရုံတို့တွင် ယနေ့ မွန်းတည့်(၁၂)နာရီအချိန်မှ ညနေ(၃)နာရီအထိ ဖြေဆိုခဲ့ပြီး ပါဠိပထမပြန်စာမေးကို ဇွန်လ ၇ ရက်နေ့ မှစ၍ ၁၃ ရက်နေ့အထိ ကျင်းပမည်ဟု သိရသည်။

ဖားကန့်မြို့နယ်တွင် ၂၀၂၁ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ စတင်ကျင်းပ
Jun 08,2021
ဖားကန့်မြို့နယ်တွင် ၂၀၂၁ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကိုယမန်နေ့ နေ့လည်(၁၂)နာရီက ဖားကန့်မြို့ ကျောက်စိမ်းတွင်း သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟိုပင်၌ ဘေလီသံဘောင်သရက်ချောင်းတံတား ဆောက်လုပ်ပြီးစီး
Jun 08,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ၊ဟိုပင်မြို့ မြို့မမြောက်ရပ်ကွက် ရွှေဘို−မြစ်ကြီးနားလမ်းပိုင်းပေါ်ရှိ ဟိုပင်သရက်ချောင်းတံတားသည် မေလ ၂၄ ရက် ည ၈ နာရီ ၃၅ မိနစ်က မိုင်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသဖြင့် ၄င်းတံတားနှင့်ကပ်လျက်တွင် ဘေလီသံဘောင်တံတားဆောက်လုပ်ပြီးစီး၍ ယမန်နေ့ နေ့လည်ပိုင်းမှစတင်ကာ တန်၂၀ အောက်ကားများ ဖြတ်သန်းသွားလာနေပြီဖြစ်ကြောင်း  သိရှိရသည်။
မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကင်းရှင်းရေး မီးသတိပေး လှုံ့ဆော်ခြင်းများ ဆောင်ရွက်
Jun 08,2021
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတိပေးလှုံ့ဆော်ခြင်းများကို ယမန်နေ့ ညနေ ၅နာရီအချိန်က သက်ဆိုင်ရာနယ်မြေများတွင် လှည့်လည်ဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
ကော့ကရိတ်​​မြို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ စစ်ဆေးအရေးယူဆောင်ရွက်
Jun 08,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာပြီး အသက်အန္တရာယ်ကင်းဝေစေရန်အတွက် စည်းကမ်းမဲ့ မောင်းနှင်သော ဆိုင်ကယ်များ၊  လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ယမန် နေ့ နံနက် ၉နာရီက အမှတ် (၃)ရပ်ကွက်၊ တောင်ပေါ်ကျောင်းလမ်းဆုံ၌ စစ်ဆေးဖမ်းဆီး၍ အရေးယူမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ငှက်ပျောများ ပိုမိုစိုက်ပျိုးလာ
Jun 08,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စပါး၊ ကြက်သွန်၊ ငရုပ်၊ မြေပဲ၊ နှမ်း၊ ဝါ၊ ကုလားပဲ၊ ငှက်ပျော စသည့်သီးနှံမျိုးစုံ စိုက်ပျိုးကြသော်လည်း ယခုအခါ တောင်သူများ အနေဖြင့် ယာမြေများတွင်  ဈေးကွက်ဝင်မည့် ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာကြောင်း သိရှိရသည်။