ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသော ပြည်သူများအား မိုဘိုင်း စနစ်ဖြင့် ကွင်းဆင်းထိုးနှံပေး
Dec 07,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့် တားဆီးကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသာ မြို့ပေါ်ရှိ ရပ်ကွက် ၉ ခု နှင့် ကျေးရွာအုပ်စု ၉ အုပ်စုရှိ ပြည်သူများအား မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းထိုးနှံပေးလျက် ရှိကြောင်း၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှသိရသည်။ ပုံ-ယနေ့နံနက် ၉ နာရီက ကျန်စစ်သားရပ်ကွက်ရှိ အောင်တော်မူ ကျောင်းတိုက်အတွင်း၌ ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးနေစဉ်။