သတင်းများ

အိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးTalk Show ကျင်းပ
Dec 07,2021
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centreတွင် အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်း အမှတ်အဖြစ် အိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးTalk Showကို ယနေ့နေ့လယ် (၁၂) နာရီက ကျင်းပခဲ့သည်။
ဒဂုံမြို့နယ်တွင် အသက်(၄၀)နှစ်နှင့် အထက် အသက်(၄၅)နှစ်မှ (၅၄)နှစ်အတွင်း ရပ်ကွက်နေပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Dec 07,2021
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကို ပထမအကြိမ် (Sinopharm) ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆေးထိုးနှံရာတွင် အသက်(၄၀)နှစ်နှင့် အထက်  ရပ်ကွက်နေပြည်သူ လူဦးရေ စုစုပေါင်း(၂၇၅)ဦးကို ၎င်းအသက်(၄၅)နှစ်မှ (၅၄)နှစ်ရှိပြည်သူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် (Sinopharm) ကာကွယ်ဆေးကို လူဦးရေ စုစုပေါင်း(၄၇၀)ဦးတို့အား အသီးသီးထိုးနှံပေးခဲ့ပြီးဖြစ် ကြောင်း သတင်းရရှိသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ၏ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်စေရေးအတွက် ပရဟိတအသင်းများဖြင့် တွေ့ဆုံ၍ ညှိုနှိုင်းဆွေးနွေး
Dec 07,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် မြို့နယ်အတွင်းရှိ ပြည်သူများ၏ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုများအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိသည့် ပရဟိတအဖွဲ့များနှင့် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့တို့ တွေ့ဆုံကာ ရှေ့ဆက်၍ ပြည်သူများအတွက် လိုအပ်သည့် အရေးပေါ်ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစဥ်များပိုမို ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိုနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ လမ်းကျောက်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းဆောင်ရွက်
Dec 07,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီး ရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ သုဿာန်အဝင်လမ်း ကျောက်စီ ရေမြောင်းအပိုင်း(၄)ပြုလုပ်ခြင်း လုပ်ငန်းကို မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေ ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Dec 07,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ဒုတိယ အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီမှ ညနေ ၄ နာ ရီ အထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံ ပေး လျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့နယ်၌ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
Dec 07,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ​ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
လေးမျက်နှာမြို့နယ် အောင်မင်္ဂလာစျေးတွင် မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကျင်းပ
Dec 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အောင်မင်္ဂလာစျေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်ပြီး ယနေ့ နံနက်(၁၀:၃၀)နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။ 
ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးအစီအစဉ်များ Online မှတစ်ဆင့် နေ့စဉ်ဆောင်ရွက်ပေး
Dec 07,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များအနေဖြင့် ကလေးသူငယ်များနှင့် စာဖတ်ပရိသတ်များအတွက် စာအုပ်၊ စာပေနှင့်ပတ်သက်၍ အသိပညာ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို နေ့စဉ်လွှင့်တင်ဆောင် ရွက်ပေးလျက်ရှိရာ မြို့အတွင်းရှိပြည်သူများ၊ ကျောင်းသားလူငယ်များ၊ စာပေချစ်သူများအနေဖြင့် စာကြည့် တိုက်သို့ မလာရောက်နိုင်သည့်အချိန်တွင် နေအိမ်မှတစ်ဆင့် Online အသုံးပြု၍ အလွယ်တကူ စာဖတ်နိုင် စေရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရေး အတွက် ဝန်ထမ်းများမှ အလှည့်ကျအစီအစဉ်ဖြင့် နေ့စဉ် Onlineမှ အသိပညာပေးအစီအစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။